စစ်အာဏာသိမ်းမှု ရက်တစ်ထောင်ပြည့်နဲ့ သူတို့အမြင်

စစ်အာဏာသိမ်းမှု ရက်တစ်ထောင်ပြည့်နဲ့ သူတို့အမြင်

စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့တာ ရက်ပေါင်းတစ်ထောင်ရှိပါပြီ။ နာရီနဲ့တွက်ရင် ၂၄၀၀၀ နာရီပါ။ ဒီကာလအတွင်းမှာ လူထုဟာ အာဏာရှင်ကို တော်လှန်ဖို့ တစ်စက္ကန့်တောင် နောက်မတွန့်ခဲ့ကြပါဘူး။ လက်နက်အင်အားချို့တဲ့ပေမယ့် သာလွန်တဲ့ လူထုအင်အားနဲ့ တော်လှန်နေကြတာ နိုင်ငံသိ၊ ကမ္ဘာသိလို့ ပြောရပါမယ်။

ရက်တစ်ထောင်အတွင်းမှာ ရှိခဲ့တဲ့ တော်လှန်ရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်တိုက်ပွဲဝင်တာတစ်ခုတည်း မကခဲ့ပါဘူး။

အာဏာရှင်ကို ဆန့်ကျင်ကြောင်း လမ်းပေါ် တက်ပြီး ဆန္ဒပြခဲ့ကြ၊ အာဏာရှင် စစ်တပ်ရဲ့ ဝင်ငွေရလမ်းတွေ ဖြတ်တောက်ဖို့ ကြိုးစားခဲ့ကြ၊ အာဏာရှင် သက်တမ်းမရှည်ဖို့ နိုင်ငံတကာအားကို တောင်းဆိုရယူကြသလို ခုခံတော်လှန်စစ်နဲ့အတူ တွဲဖက်ပါလာတဲ့ စစ်ရှောင်ပြေးကြရတဲ့ ပြည်သူတွေကိုလည်း ကူညီနိုင်ဖို့ ကြိုးစားခဲ့ကြနဲ့ ရက်တစ်ထောင်အတွင်းကအခင်းအကျင်းက နိုင်တဲ့အားနဲ့ အရောင်စုံခဲ့ကြပါတယ်။

ဒီအခြေအနေတွေရဲ့ ရလဒ်တွေနဲ့ အရွေ့တွေကို ပါဝင်ဆောင်ရွက်နေတဲ့သူတွေအနေနဲ့ ဘယ်လိုအမြင် ရှိနေလဲ။ ရက်ပေါင်းတစ်ထောင်ရဲ့အလွန်ကာလမှာကော ဘယ်လိုမျှော်လင့်ထားလဲ။ ဆက်သွားမယ့် အာဏာရှင်တော်လှန်ရေးကို ဘယ်လိုဖြစ်စေချင်လဲ။

တနင်္သာရီတိုင်းအတွင်းက လူထုတော်လှန်ရေးကို ကဏ္ဍပေါင်းစုံက ပါဝင်နေတဲ့ သူတွေကို မေးမြန်းပြီး ဖော်ပြလိုက်ပါတယ်။ တနင်္သာရီတိုင်းမ် ပရိတ်သတ်တွေရဲ့ အမြင်တွေကိုလည်း မှတ်ချက်မှာ ရေးသားခဲ့ပေးဖို့ ဖိတ်ခေါ်ပါတယ်။

The Tanintharyi Times