အထင်ကရ ဦးပိန်တံတား ကျိုးကျ
အထင်ကရ ဦးပိန်တံတား ကျိုးကျ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်က တောင်သမန်အင်းကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ အထင်ကရ ဦးပိန်တံတား ဒီကနေ့ (အောက်တိုဘာလ ၂၉ရက်) မွန်းလွဲပိုင်းက ကျိုးကျပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဦးပိန်တံတားရဲ့ အရှေ့ဘက်ခြမ်း တံတား အကန့် ၂ကန့် ကျိုးကျသွားတာဖြစ်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ရေး လုပ်နေတယ်လို့ သိရပါတယ်။
ဦးပိန်တံတားဟာ တောင်သမန်အင်းကို ဖြတ်ကျော်တည်ဆောက်ထားတာဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်လည်ပါတ်ရာ အထင်ကရ ရှေးဟောင်း တံတားတစင်းဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times
