လောင်းလုံးမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုချ
လောင်းလုံးမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုချ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ဦးဆောင်ပြီး မဟာဖိုဝါဒနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
‘မုဒိမ်းကောင်တွေနဲ့ ဖိုဝါဒ၊ ဖုတ်င်္ဂြိုဟ်ပြာချ အဆုံးသတ်ကြ’ ဆိုတဲ့ စာသားပါ ဘန်နာနဲ့ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်ထဲက ဒေသခံ အမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသမီးတွေအပါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်နေကြတာရှိသလိုမျိုး တော်လှန်ရေးတပ်ဖွဲ့တချို့က ကျူးလွန်တာတွေကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတယ်လို့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂက ထုတ်ပြန်ပါတယ်။
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂဟာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ အမျိုးသမီးအင်အားစုတစ်ခုဖြစ်ပါတယ်။
The Tanintharyi Times
