၇ ရက် မှတ်တမ်း

၇ ရက် မှတ်တမ်း

တနင်္သာရီဒေသမှာ စစ်ရေးပဋိပက္ခတွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးနေရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ အကြမ်းဖက်ဖိနှိပ်ခံရတာတွေ အပါအဝင် နေ့စဥ်ဖြစ်ပျက်နေတဲ့ သတင်းအကြောင်းအရာအဖြစ်အပျက်တွေ အများအပြား ရှိနေပါတယ်။

ဒေသအခြေစိုက်ဖြစ်တဲ့ တနင်္သာရီတိုင်းမ်သတင်းဌာနအနေနဲ့ သတင်းဖြစ်စဥ်တွေကို မှတ်တမ်းတွေအဖြစ် စုစည်းပြီး ရက်သတ္တပတ်အလိုက်၊ လ အလိုက်၊ နှစ်အလိုက်ပုံမှန်ဖော်ပြပေးနိုင်အောင်ကြိုးစားနေပါတယ်။

ဒီနေ့မှာတော့ အောက်တိုဘာလ ၁ ရက်ကနေ ၇ ရက်အထိ တစ်ပတ်အတွင်း စုစည်းရရှိတဲ့သတင်းအချက်အလက်တွေနဲ့ ထူးခြားဖြစ်စဥ်တွေကို ကောက်နှုတ်ပြီး ၇ ရက်မှတ်တမ်း အစီအစဥ်အနေနဲ့ တင်ဆက်လိုက်ပါတယ်။

The Tanintharyi Times