ဓာတ်ပုံတွေကို အတု၊ အစစ် ဘယ်လို စစ်ဆေးကြမလဲ
ဓာတ်ပုံတွေကို အတု၊ အစစ် ဘယ်လို စစ်ဆေးကြမလဲ
စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေမှာ ဓာတ်ပုံအတုတွေ၊ ဗီဒီယိုအတုတွေကို တမင်ထည့်သွင်းဖော်ပြပြီး ဖြန့်လာတာကို အာဏာသိမ်းပြီးကာလအတွင်းမှာ လူမှု ကွန်ယက်အသုံးပြုသူအများစု ကြုံတွေ့ခဲ့ရပါတယ်။
အခုတော့ အဲ့ဒီ တုပ၊ ပြုပြင်တဲ့ ကိစ္စ တင်မကဘဲ ဉာဏ်ရည်တု(AI)လို နည်းပညာတွေပါသုံးပြီး သတင်းဓာတ်ပုံတွေ ဖန်တီးလာကြတာတွေလည်း ရှိလာတာကြောင့် စာဖတ်သူတွေ ပိုပြီး သတိထား စစ်ဆေးဖို့ လိုအပ်လာပါပြီ။
ဒီလိုအခြေအနေမှာ ကိုယ်ကြည့်နေတဲ့ ပုံတွေဟာ ဖော်ပြထားတဲ့ သတင်းနဲ့သက်ဆိုင်တဲ့ တကယ့်ဓာတ်ပုံ ဟုတ်ရဲ့လားဆိုတာကို ချင့်ချိန်စဉ်းစားနိုင်စွမ်း ရှိရုံနဲ့ မရတော့ပါဘူး။ နည်းပညာအကူအညီရယူဖို့ လိုအပ်လာပါတယ်။
ဒါဆိုရင် နည်းပညာအသုံးပြုပြီး လူမှုကွန်ယက်ပေါ်က ဓာတ်ပုံတွေကို ဘယ်လို စစ်ဆေး၊ အတည်ပြုကြမလဲ။ ဓာတ်ပုံတွေကို စစ်ဆေးနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။





