စစ်ကောင်စီ ဩဇာခံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကို ဖျက်သိမ်းကြောင်း NUG ကြေညာ

စစ်ကောင်စီ ဩဇာခံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကို ဖျက်သိမ်းကြောင်း NUG ကြေညာ

Photo - အာဏာသိမ်း စစ်ခေါင်းဆောင် နဲ့ UMFCCI တာရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်

စစ်ကောင်စီ ဩဇာခံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာ ထုတ်ပြန်လိုက်ပါတယ်။

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဟာ အကြမ်းဖက်စစ်ကောင်စီ နဲ့ပူးပေါင်းပြီး စစ်ကောင်စီကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား ငွေကြေးထောက်ပံ့ကူညီ လုပ်ဆောင်နေတာကြောင့် ဖျက်သိမ်း ကြောင်း NUG ကကြေညာခဲ့ပါတယ်။

UMFCCI ဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတခုအဖြစ်ပြီး အများပြည်သူအကျိုးကို ဦးစား ပေးရန် တာဝန်ရှိသော်လည်းပဲစစ်ကောင်စီ နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှု တွေလုပ်ဆောင်နေတယ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရက UMFCCI ကိုဖျက်သိမ်းကြောင်း ကြေညာတဲ့နေ့က စပြီး အသင်းချုပ်ရဲ့ ပိုင်ဆိုင်မှု နဲ့ ဘဏ္ဍာငွေများကို တစွန်းတစကိုမျှ ထုတ်နုတ်သုံးစွဲခြင်း မပြုရန် တားမြစ်ကြောင်းလည်း တပါတည်းကြေညာခဲ့တာဖြစ်ပါတယ်။

UMFCCI ရဲ့ အမည်သုံးစွဲပြီးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ခြင်း ၊ ပိုင်ဆိုင်မှု နဲ့ ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲခြင်းတို့ကို လုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေ နဲ့ ဝန်ထမ်းတွေကို အကြမ်းဖက် စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ နဲ့ ဥပဒေအရ အရေးယူမှာဖြစ်တယ်လို့ NUG က ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ရက်စွဲ နဲ့ကြေညာ ခဲ့တာဖြစ်ပါတယ်။

UMFCCI ကို ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် မှာစစ်တပ်နဲ့ဆက်ဆံရေး ကောင်းမွန်တဲ့ ခရိုနီ လုပ်ငန်းရှင်တွေ ကဦးဆောင်ပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times