ငွေလွဲ၊ ငွေပို့ လုပ်နိုင်မယ့် NUG Pay နောက်လမှာ စသုံးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ စီစဉ်နေ
ငွေလွဲ၊ ငွေပို့ လုပ်နိုင်မယ့် NUG Pay နောက်လမှာ စသုံးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ စီစဉ်နေ
ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေကို မိုဘိုင်းဖုန်းနဲ့ အသုံးပြုနိုင်မယ့် NUG Pay အပလီကေးရှင်းကို လာမယ့် ဇွန်လမှာ စသုံးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စီစဉ်နေပါတယ်။
“ငွေကြေး အထုတ်အသွင်းအတွက်လည်း လွယ်ကူအောင် ကျနော်တို့ တော်တော်လေး ဆောင်ရွက်ထားပါတယ်။ NUG Pay က နည်းပညာအရ ဆန်းသစ်ထားတဲ့ ကိစ္စရပ်ဖြစ်တယ်။ လုံခြုံရေးအရ စိတ်ချရတယ်။ တော်လှန်ရေးအတွက် အထောက်အကူဖြစ်တယ်။” လို့ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက RFAကို ဖြေကြားထားပါတယ်။
NUG Pay အပ်ပလီကေးရှင်းကို နိုဝင်ဘာလကတည်းက လူငယ်နည်းပညာရှင်တွေနဲ့ လုပ်ဆောင်ထားတာဖြစ်ပြီး Android ဖုန်းအပြင် IOS ဖုန်းတွေနဲ့ ပါ အသုံးပြုနိုင်အောင်စီစဉ်နေတယ်လို့ ဆိုပါတယ်။
NUG Payကို ဝန်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် မြန်မာငွေကျပ် ၁ သောင်းကနေစပြီး သုံးစွဲနိုင်မှာပါ။
လက်ရှိအချိန်မှာတော့ မြန်မာကျပ်ငွေတစ်မျိုးတည်းသာ သုံးစွဲနိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြားငွေပါ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
နွေဦးထီ၊ ငွေတိုက်စာချုပ် အစရှိတဲ့ ထောက်ပံ့ရေးအစီအစဉ်တွေနဲ့ NUG Pay သုံးစွဲသူ အချင်းချင်းကြားမှာ ငွေလွှဲတာ၊ ကုန်စည်ငွေပေးချေတာတွေကို NUG Pay နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
The Tanintharyi Times