မောင်တောက နယ်ခြားစောင့်စခန်းနဲ့ ဘူးသီးတောင်က တပ်စခန်းတွေကို AA ထိုးစစ်အရှိန်မြှင့်
မောင်တောက နယ်ခြားစောင့်စခန်းနဲ့ ဘူးသီးတောင်က တပ်စခန်းတွေကို AA ထိုးစစ်အရှိန်မြှင့်
 
			ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ပိတ်ဆို့တိုက်ခိုက်နေတာ အချိန်တစ်လနီးပါး ရှိနေပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်လာပါတယ်။
ရကွခိုက်တပ်တော်ရံ့ ထုတ်ပြန်ချက်တွေအရ အဲ့ဒီနယ်ခြားစောင့်တပ်စခန်းကို ပြီးခဲ့တဲ့လ တတိယအပတ်လောက်က စတင်ထိုးစစ်ဆင်နေတာ တွေ့ရပြီး အခုလဆန်း ၂ ရက်နေ့မှာတော့ ထိုးစစ်အရှိန် မြှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။ အခုစစ်ရေးအရှိန်မြှင့်လိုက်တဲ့ရက်ပိုင်းအတွင်းမှာ စခန်းကို အတိုင်းအတာတခုထိ သိမ်းပိုက်
ရရှိထားပြီလို့လည်း AA ဘက်က ထုတ်ပြောထားပါတယ်။
စခန်းအနောက်ဘက်ရှိ ရန်အောင်မြင်စခန်းကိုတော့ အခုလ ၂၃ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးသလို စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း AA ဘက်က သိမ်းဆည်းရမိခဲ့ပါတယ်။
မောင်တောမြို့ရှိ နောက်ထပ်တပ်စခန်းတစ်ခု ဖြစ်တဲ့ တမန်းသားတပ်စခန်းကိုလည်း AA က ထိုးစစ်ဆင်နေပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲက အယောက် ၂၀ ကျော်ကို သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်လို့ ထုတ် ပြန်ချက်မှာ ရေးထားပါတယ်။
ဒါ့အပြင် ဘူးသီးတောင်မြို့မှာတော့ ခမရ (၅၅၂) တပ်ရင်းရဲ့ စစ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး AA အနေနဲ့ မနေ့က စပြီး ထိုးစစ်ကို အရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တပ်စခန်းကို ပြီးခဲ့တဲ့လ တတိယအပတ်ကတည်း ရက္ခိုင်တပ်တော်က ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဂုပ္ပီတပ်စခန်းကနေ ပြီးခဲ့တဲ့ အခုလ ၂၀ ရက်နေ့က ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရက္ခိင့်တပ်တော်ရဲ့ ပိတ်ဆို့ဖြတ်တောက်ရေးတပ်ဖွဲ့ဝင်တွေက လိုက်လံတိုက်ခိုက်နေရာ ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် (ရွာပျက်) မှာ ၁၂ ဦးကို သေဆုံးခဲ့သလို ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း AA က သိမ်းဆည်းရမိတယ်လို့ ထုတ် ပြန်ချက်အရ သိရပါတယ်။
တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်နေတာကြောင့် ရက္ခိုင့်တပ်တော် AA အနေနဲ့ ထိုက်သင့်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေနဲ့ လက်စားချေတုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
ရက္ခိုင်တပ်တော်ဟာ မောင်တောရှိ နယ်ခြားစောင့်တပ်စခန်း ဒုံးညိုအပါအဝင် ကင်းစခန်း၊ တပ်စခန်းပေါင်း ၆၂ ခု၊ ဘူးသီးတောင်က စခန်းပေါင်း ခြောက်ခုကို ပြိီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
The Tanintharyi Times

