လက်နက်မချတဲ့ မောင်တော က ရန်အောင်ပြင် ကင်းစခန်း ကိုသိမ်းပိုက်ခဲ့တယ်လို့ AA ထုတ်ပြန်

လက်နက်မချတဲ့ မောင်တော က ရန်အောင်ပြင် ကင်းစခန်း ကိုသိမ်းပိုက်ခဲ့တယ်လို့ AA ထုတ်ပြန်

Photo - ဖေဖော်ဝါရီ လ (၁၉) ရက်နေ့ က မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်း ကို AA သိမ်းပိုက်ရရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် က ရန်အောင်ပြင် ကင်းစခန်း ရက္ခိုင့်တပ်တော်AA က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

လက်နက်မချတဲ့ ရန်အောင်ပြင် ကင်းစခန်း ကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မနက် (၇) နာရီ ကျော်က စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီ ကျော်မှာအပြီးသတ်ရရှိခဲ့တာဖြစ်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော်AA အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ရန်အောင်ပြင် ကင်းစခန်း ပတ်ဝန်းကျင်က လက်ကျန်စခန်းတွေကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ဆိုပါတယ်။

မင်းပြားမြို့နယ်မှာ တစ်ခုတည်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်တဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကိုလည်း ရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက်နေ့အဖြစ် ထိုးစစ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) ကိုလည်း ရက္ခိုင့်တပ်တော် AA ဆက်လက်တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့တွေက လက်နက်ချအညံ့မခံတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်း အာလုံးကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ AA က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times