ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သက်တော် ၈၈ နှစ်မှာကွယ်လွန်
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သက်တော် ၈၈ နှစ်မှာကွယ်လွန်
ပြီးခဲ့တဲ့ လတွေတုန်းကစလို့ နာမကျန်းဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ရောမစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန် နန်းတော်ကထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ သက်တော် ၈၈ နှစ်မှာကွယ်လွန် ခဲ့တာဖြစ်ပြီး ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ အီစတာပွဲတော်ကာလမှာကွယ်လွန်သွားတာဖြစ်တယ်လို့ ဗာတီကန် နန်းတော်ဘဏ္ဍာထိန်း ကာဒီနယ် ကီဗင်ဖားရဲလ်က ထုတ်ပြန်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဖရန်စစ်အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနဲ့ အမေရိကတိုက်တွေကနေ တင်မြှောက်ခံရတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက နာတာရှည် အဆုတ်ရောင်ခံစားနေခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့ ဖေဖာ်ဝါရီလ မှာလည်း အဆုတ်ရော ရောဂါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားခဲ့ရပြီး ဆေးရုံံတက်ခဲ့ရတာဖြစ်ပါတယ်။
The Tanintharyi Times
