ရုရုားသမ္မတ ပူတင်ကို ICCကစစ်ရာဇဝတ်မှုအတွက် ဖမ်းဝရမ်းထုတ်

ရုရုားသမ္မတ ပူတင်ကို ICCကစစ်ရာဇဝတ်မှုအတွက် ဖမ်းဝရမ်းထုတ်

ယူကရိန်းနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်ကို နိင်ငံတကာ

ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ယူကရိန်းနိုင်ငံက ကလေးငယ်တွေအပါအဝင် ဒုက္ခသည်တွေကို ရုရှားနိုင်ငံသို့ လွှဲပြောင်း ပို့ဆောင်တဲ့ကိစ္စမှာ ရုရှားသမ္မတ ပူတင်ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့အတွက် ICC တရားရုံးက ဒီနေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့တာပါ။

ပူတင်နဲ့အတူ ရုရှားကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်း​ကြီး Maria Alekssevna Lvova-Belovaကိုလည်း ICC ကဖမ်းဝရမ်းထုတ်ထားပါတယ်။

ကလေးငယ်တွေအပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး သမ္မတပူတင်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့စွပ်စွဲချက်တွေရှိတယ်လို့ရုံးတော်ကထုတ်ပြန်ထားပါတယ်။

ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇ၀တ်မှုတွေကျူး ကျူးလွန် နေတယ်လို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံ စုံစမ်းရေးကော်မရှင်က ထုတ်ပြန်ပြီး တစ်ရက်အကြာမှာ အခုလိုဖမ်းဝရမ်းထုတ်လိုက်တာပါ။

The Tanintharyi Times