တနင်္သာရီမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
တနင်္သာရီမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
တနင်္သာရီမြို့နယ် ရေဖြူရွာကနေ တပလပ်ရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင် စစ်ကြောင်းကို ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ မနေ့ကနေ့လည် ၁၂ နာရီဝန်းကျင်လောက်က မိုင်တိုင် ၆၆ အနီးမှာဖြစ်ပွား ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
” သူတို့က ကမ္မလိုင်းတပ် ခမရ (၅၅၈)လောက်ကတည်းကခြေလျင်လမ်းလျောက်လာကြတာပါ။ တိုက်ခိုက်ပြီးတော့ ကျနော်တို့ပဲအရင်ဆုတ်လိုက်တာပါ။ အဓိကကတော့ ကျနော်တို့ဘက်မှာလက်နက်ခဲယမ်းမပြည့်စုံတာကြောင့်ပါ” လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဖြစ်တဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းနဲ့ KTLA- tcjf Tanintharyi တို့ဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ခိုက်ခံရတဲ့စစ်ကြောင်းမှာ စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ပါဝင်ပြီး နောက်ထပ်တပ်ကူတွေလည်း အများအပြားရောက်ရှိလာခဲ့ပါတယ်။ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာတပလပ်ရွာထဲမှာ မနေ့က ညအိပ်ခဲ့ကြတယ်လို့သိရပါတယ်။
မနေ့ကတစ်ရက်တည်းမှာတင် တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်း၊ စစ်ကြောင်းနဲ့ စစ်ဆေးရေးဂိတ်တို့ဆက်တိုက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
The Tanintharyi Times
