လူ့ ညှီနံ့များ

လူ့ ညှီနံ့များ

အပြုံးချို အသားညိုပြီး အရပ်အမောင်းကောင်းကောင်းနဲ့ သင်္ကန်းကို ဝိနည်းအတိုင်း ရုံပြီးနေလေ့ရှိတဲ့အပြင် ဒကာတွေကိုလည်း အမြဲကူညီဖေးမတတ်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးမို့ နယ်ကတက်လာတဲ့ အလှူရှင်တွေ၊ မြို့ပေါ်က အလှူရှင်၊ တခြားတိုင်းကလာတဲ့အလှူရှင်တွေနဲ့ ကျောင်းဝင်းထဲမှာ ‌ကား/ဆိုင်ကယ်တွေ ပြတ်ခြင်းအလျဉ်းမရှိ။

အလှူအတန်းကာလဆိုလည်း အလှူရေစက်လက်နဲ့မကွာတဲ့ ဒကာတွေက ဒီကျောင်းမှာ လှူလိုက်ရမှ။ လှူရမှဆို ဘုန်းကြီးကလည်း တရားရေအေး တိုက်ကျွေးလို့ အတော်လေးကောင်းတာကိုး။ အသံဩဇာအပြည့်နဲ့ မနက်ခင်းတိုင်း မေတ္တာသုတ်ရွတ်ဖတ်ပူဇော်သံနဲ့အတူ တရားရိပ်ဟာ အင်မတန် အေးချမ်းလှပါတယ်။

နှောင်း

The Tanintharyi Times