ဒီပလိုမာတန်းတွေအတွက် နွေဦးတက္ကသိုလ်က လျှောက်လွှာခေါ်ယူနေပြီ
ဒီပလိုမာတန်းတွေအတွက် နွေဦးတက္ကသိုလ်က လျှောက်လွှာခေါ်ယူနေပြီ
ဘွဲ့လွန်ပညာရေးအတွက် အထောက်အကူပြုမဲ့ ဒီပလိုမာတန်းတွေကို Batch 2 အနေနဲ့ နွေဦးတက္ကသိုလ်က ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
သင်တန်းကာလက (၉) လတာကြာမြင့်မှာဖြစ်ပြီး အချိန်ပြည့်တက်ရောက်သင်ကြားရမဲ့ ဒီပလိုမာတန်းတွေဖြစ်ပါတယ်။ သင်ကြားရေးကာလပြီးဆုံးသွားရင်လည်း အလုပ်သင်အခွင့်အရေးတွေ ထပ်မံ ရရှိနိုင်မှာဖြစ်တယ်လို့ နွေဦးတက္ကသိုလ်က အသိပေးထားပါတယ်။
ခေါ်ယူနေတဲ့ ဒီပလိုမာတန်းတွေကတော့ -
လူမှုအကျိုးပြုလုပ်ငန်းတွေ စိတ်ပါဝင်စားသူတွေအတွက်
Community Development Diploma Programme
အစိုးရဆိုင်ရာလုပ်ငန်းခွင်အတွင်း အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတွေကို လုပ်ဆောင်လိုသူတွေအတွက်
Governance and Public Administration Diploma Programme
လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေကို တက်ကြွလုပ်ဆောင်သူတွေအတွက်
Human Rights Diploma Programme
ဖက်ဒရယ်ရေးရာနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာတွေ ကျား၊ မရေးရာ၊ အာဏာခွဲဝေရေးဆိုင်ရာတွေကို စိတ်ပါဝင်စားသူတွေအတွက်
Federalism and Peace Studies Diploma Programme
စိတ်ပါဝင်စားသူများအနေနဲ့ အခုလ၊ ဇန်နဝါရီလ (၃၁)ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမှာ ဖြစ်ပါတယ်။
လျှောက်ထားရန် ဖောင်တွေကတော့>>>
Diploma in Community Development: https://bit.ly/3fA9fHW
Governance and Public Administration Diploma Programme : https://bit.ly/3UmqefW
Human Rights Diploma Programme : https://forms.gle/GxvLsLmdTSaUuVW76
Federalism and Peace Studies diploma program : https://forms.gle/dbAQxs95VrPfCntN8
The Tanintharyi Times
