ဘန်ကောက်က ခရီးသွားလမ်းညွှန် ကိုထက်မြတ်နဲ့ အင်တာဗျူး
ဘန်ကောက်က ခရီးသွားလမ်းညွှန် ကိုထက်မြတ်နဲ့ အင်တာဗျူး
နိုင်ငံကနေ ပြည်ပကို ထွက်ခွါသွားတဲ့သူတွေထဲမှာ အသက် ၂၂ နှစ်ကနေ ၄၄ နှစ်အရွယ်တွေက အများဆုံးလို့ ၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းက ဖော်ပြပါတယ်။ လူငယ်၊ လူရွယ်တွေဟာ ဘဝတက်လမ်းအတွက် နိုင်ငံကို ခဏတဖြုတ်စွန့်ခွါပြီး ထွက်သွားတဲ့အခါမှာ အချို့က ပြန်လာဖို့ စိတ်ကူး၊ ရည်မှန်းသလို အချို့ကတော့ ရေကြည်ရာ၊ မြက်နုရာမှာ အခြေကျသွားခဲ့ကြပါတယ်။ တစ်ချိန်မှာ ပြန်လာမယ်လို့ ရည်မှန်းချက်ရှိသူတွေထဲမှာ ကော့သောင်းမြို့က ကိုထက်မြတ်(အမည်လွဲ) လည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ စကားပြန်နဲ့ ခရီးသွားလမ်းညွှန်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ကိုထက်မြတ်နဲ့ တွေ့ဆုံပြီး မေးမြန်းထားတာတွေကို တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်းပိုင်းသားတို့အသံ)
မေး - ခရီးသွားလမ်းညွှန်အလုပ်ကို ဘယ်အချိန်ကစလုပ်ဖြစ်တာလဲ။
ဖြေ - ၂၀၁၇၊ ၂၀၁၈။ Freelance အနေနဲ့ စလုပ်ဖြစ်ပါတယ်။
မေး - ဘယ်လိုမျိုးစိတ်ကူးနဲ့ ခရီးသွားလမ်းညွှန်စလုပ်ဖြစ်ခဲ့တာလဲ။
ဖြေ - ကျနော်ကိုယ့်တိုင်ကလည်း ထိုင်းနိုင်ငံအနှံ့အပြား အမြဲတမ်းအလုပ်နဲ့ ခရီးထွက်လေ့ရှိလိုပါဗျ။
မေး - ခရီးသွားလမ်းညွှန် အလုပ်မှာရော ဘယ်လို အခက်အခဲတွေကြုံရလဲ။
ဖြေ - ထိုင်းနိုင်ငံမှာတော့ သိပ်ပြီးအခက်အခဲ မရှိဘူးလို့ ကျနော်မြင်မိပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကအစ အစစ အရာရာအဆင်ပြေလို့ပါဗျ။
မေး - စစ်တပ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွေနည်းနည်းအရှိန်ရခဲ့တာတွေရှိတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာပြန်လုပ်ဖို့ စိတ်ကူးမိတာမျိုးရှိလား။
မေး - မြန်မာနိုင်ငံမှာ လုပ်ဖို့စိတ်ကူး ရှိတယ်ဗျ။ မြန်မာခရီးသွားလုပ်ငန်းနဲ့နိုင်ငံတော်အကောက်ခွန်များများရစေချင်တဲ့ ရည်ရွယ်ချက်ပါ။ ခရီးသွားလုပ်ငန်းသာကောင်းရင် ဒေသခံတွေ အလုပ်ကောင်း၊ အခွင့်လမ်းတွေ ပိုမိုကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။
မေး - ထိုင်းခရီးသွားလုပ်ငန်းနဲ့ မြန်မာခရီးသွားဘယ်လိုကွာဟချက်တွေရှိတယ်လို့မြင်လဲ။
ဖြေ - ထိုင်းမှာကတော့ ကျနော်အတွေ့ကြုံနဲ့ပြောရရင် Amazing Thailandအဖွဲ့စည်းဆိုတာရှိတယ်။ အဖွဲ့စည်းအနေနဲ့ကလည်း အမြဲတမ်း Promote လုပ်ပေးသလို၊ နိုင်ငံအတွက်ခရီးသွားလုပ်ငန်းနဲ့ ဒေသအစားစားကအစ တိုးတက်အောင်လုပ်ပေးနိုင်တယ်ဗျ။ Hotel & Tourism တွေက အဖွဲ့စည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြပါတယ်။
မေး - လက်ရှိစစ်အာဏာသိမ်းမှုနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအခြေအနေကို ဘယ်လိုမြင်လဲ။
ဖြေ - ကျနော် အနေနဲ့၊ ခရီးသွားသူတယောက်အနေနဲ့ပြောရရင် စစ်ဖြစ်နေတဲ့နိုင်ငံဖြစ်နေလို့ လုံခြုံ၊ စိတ်ချမူမရှိတာဖြစ်တဲ့အတွက် လုံးဝအဆင်မပြေဘူးလို့မြင်ပါတယ်။
မေး - လက်ရှိစစ်အာဏာသိမ်းမှုအလွန် အခြေအနေတည်ငြိမ်သွားတဲ့အချိန် မြန်မာနိုင်ငံမှာပြန်လုပ်ဖို့ရှိလား။
ဖြေ - အခြေနေတည်ငြိမ်သွားရင်တော့စောင့် ကြည့်ရအုံးမယ်ဗျာ။ ပြန်လည်တည်ဆောက်ရမဲ့အပိုင်းတွေလည်း အများကြီးရှိသေးတယ်လို့ကနော် မြင်မိပါတယ်ဗျာ။
မေး - မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးဘယ်လိုမျှော်လင့်ထားတာမျိုးရှိလဲ။
ဖြေ - တချိန်ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အများကြီးတော့ မျှော်လင့်ခဲ့ဖူးပါတယ်။အခုတော့ မျှော်လင့်ချက်မရှိသေးပါဘူး။
