တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေ ပြည်ပပညာရှင်တွေနဲ့ စစ်ရေးလေ့ကျင့်နေ
တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေ ပြည်ပပညာရှင်တွေနဲ့ စစ်ရေးလေ့ကျင့်နေ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂ )စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေရဲ့ စစ်မြေပြင် တိုက်ပွဲဖော်ဆောင်တဲ့ ထိတွေ့တိုက်ပွဲငယ် လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေ ဓာတ်ပုံတွေကို ထုတ်ပြန်လာပါတယ်။
ပြည်ပက ကျွမ်းကျင်ပညာရှင် Trainer တွေရဲ့စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုတွေ၊ လေ့ကျင့်မှုတွေနဲ့ ရက်ရှည် မွန်းမံသင်တန်းတက်ရောက်ပြီးစီးသူတွေ ဖြစ်ပြီး၊ ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေတဲ့ မိခင်တပ်ရင်း စစ်ကြောင်းရဲ့ အရန် အင်အားအဖြစ်ရည်ရွယ်ကာ စစ်ရေးလေ့ကျင့်နေခြင်းဖြစ်တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
