အခမဲ့ သင်ယူနိုင်မယ့် Women and Youth in Peace Building သင်တန်း

အခမဲ့ သင်ယူနိုင်မယ့် Women and Youth in Peace Building သင်တန်း

ငြိမ်းချမ်းရေးတည်ဆောက်တဲ့ ဖြစ်စဉ်တွေမှာ အမျိုးသမီး၊ လူငယ်တို့ရဲ့ အရေးပါတဲ့အခန်းကဏ္ဍဆိုင်ရာ ပညာရပ်တွေကို ကောင်းစွာသိရှိ နားလည်ချင်သူတွေအနေနဲ့ Women and Youth in Peace Building သင်တန်းကို အခမဲ့တက်ရောက်သင်ယူနိုင်ပါပြီ။

ဒီသင်တန်းကို နွေဦးတက္ကသိုလ်(SUM) ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ် School of Federalism and Peace Studies က ဖွင့်လှစ်တာဖြစ်ပါတယ်။

၅ ပတ်ကြာ သင်ကြားမယ့် အဆိုပါ သင်တန်းမှာမြန်မာနိုင်ငံကဲ့သို့ စုံလင်ကွဲပြားတဲ့ လူ့အဖွဲ့အစည်း အတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကိုရှေးရှုကာ အမျိုးသမီး၊ လူငယ်တွေရဲ့ အခန်းကဏ္ဍအသီးသီးတို့ကို ပညာရပ်ဆိုင်ရာရှုထောင်တွေကနေ ဆန်းစစ်အဖြေရှာ လေ့လာ၊ သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

သင်ကြားမယ့်ဆရာမကတော့ အမေရိကန်ပြည်ထောင်စု Columbia တက္ကသိုလ်မှ US-ASEAN Fulbright Scholar ဟောင်း တစ်ဦးဖြစ်ပြီး မန္တလေးတက္ကသိုလ်မှ ဥပဒေပါမောက္ခဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာ နွေဦးတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်ပါတယ်။

သင်တန်းသား ၃၅ ဦး လက်ခံမှာဖြစ်ပြီး October 1 ရက် နေ့မှစတင်ပြီး (၅) ပတ်တိုင်တိုင် ဖွင့်လှစ်သင်ကြားသွားမှာပါ။

သင်တန်းချိန်ကတော့ အပါတ်စဉ် စနေ၊တနင်္ဂနွေ နဲ့ တနင်္လာနေ့တွေမှာ နေ့စဉ် မနက် (၉:၀၀) နာရီမှ (၁၁:၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားသွားမှာ ဖြစ်ပါတယ်။

သင်တန်းလေးတက်ရောက်လိုသူတွေအနေနဲ့ အောက်ပါလင့်ခ်ကတစ်ဆင့် စာရင်းသွင်းလျှောက်ထားနိုင်ပါတယ်။

Registration Link >>> https://forms.gle/JgTNqTpv3QRv7A2A8

The Tanintharyi Times