ဖမ်းမိတဲ့ စစ်သား နှစ်ယောက်ဟာ အတုလို့ စစ်လော်ဘီတွေပြောနေချိန်မှာပဲ ကော်ဘရာစစ်ကြောင်းကရုပ်သံထုတ်ပြန်

ဖမ်းမိတဲ့ စစ်သား နှစ်ယောက်ဟာ အတုလို့ စစ်လော်ဘီတွေပြောနေချိန်မှာပဲ ကော်ဘရာစစ်ကြောင်းကရုပ်သံထုတ်ပြန်

ရုပ်သံ - Cobra Column

အခုလ ၁၉ရက်နေ့က ဖမ်းခံရတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးဟာအတုတွေဖြစ်တယ်လို့ စစ်ကောင်စီ လော်ဘီတွေ ပြောဆို‌ေနချိန်မှာပဲ ကော်ဘရာစစ်ကြောင်းကတပ်သား ၂ဦး ဖမ်းဆီးရမိခဲ့စဉ်က ရိုက်ကူးထားတဲ့ ရုပ်သံကိုထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင်ဖမ်းဆီးခံရသူတွေရဲ့ကိုယ်ပိုင်အမှတ်တွေ၊ စစ်မှုထမ်းသက်တမ်းတွေ အသက်အရွယ်တွေကိုပါ အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

ဩဂုတ် ၁၉ရက်နေ့ မနက်ပိုင်း သုံးထပ်‌ကွေ့အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ တပ်မ ၄၄ လက်အောက်ခံတပ်ရင်း ခမရ (၁၀၂) မှ ဒုတပ်ကြပ် ထင်ကျော် နဲ့ တပ်သားမင်းသူတို့ဖမ်းဆီးခံခဲ့ရတာပါ။

သူတို့ကို ကော်ဘရာစစ်ကြောင်းက နိုင်ငံတကာမှ သဘောတူညီထားတဲ့ ဂျီနီဗာကွန်ဗားရှင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားတဲ့ စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေများနဲ့အညီ ကော်ဘရာစစ်ကြောင်းရဲ့ အရာရှိ၊ အကြပ်၊စစ်သည်တွေက တိတိကျကျ လိုက်နာပြီး လူ့အခွင့်အရေး ပြည့်ဝစွာနဲ့ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်။

The Tanintharyi Times