အမေရိကန်ပြည်သူ ထောင်နဲ့ချီ ထရမ့်အလိုမရှိကြောင်း ဆန္ဒပြ
အမေရိကန်ပြည်သူ ထောင်နဲ့ချီ ထရမ့်အလိုမရှိကြောင်း ဆန္ဒပြ
အမေရိကန် ပြည်ထောင်စုတစ်ဝှမ်း မှာ ပြည်သူထောင်နဲ့ချီပြီး သမ္မတ ဒေါ်နယ်ထရမ့် အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းတွေဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန် ဒီစီအပါအဝင် မြို့ကြီးတွေမှာလူပေါင်းထောင်နဲ့ချီ ဆန္ဒပြခဲ့ပြီး ထရမ့်ရဲ့ မူဝါဒတွေကိုဆန့်ကျင်ကြောင်းကြွေးကြော်ကာ ဧပြီလ ၁၉ ရက်နေ့က ဆန္ဒပြနေကြတာဖြစ်တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
ထရမ့် အစိုးရ အနေနဲ့ ဂါဇာ - အစ္စရေး စစ်ပွဲမှာ အစ္စရေးကို စစ်လက်နက်ထောက်ပံ့နေတာတွေရပ်တန့် ဖို့ ရွှေ့ပြောင်း အခြေချသူတွေကို အတင်းအကျပ် နယ်နှင်ဒဏ်ပေးနေတာတွေ မလုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းက အစိုးရ ဝန်ထမ်းတွေကို အလုပ်ထုတ်တာတွေ ဆက်မလုပ်ဖို့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်ဒီစီ မှာရှိတဲ့ အိမ်ဖြူတော်အပြင်မှာလည်း လူအများအပြားစုဝေးဆန္ဒပြခဲ့ကြပြီး “ဘုရင်စနစ်အလိုမရှိ” “အစ္စရေး ကို လက်နက်ပေးနေတာချက်ချင်းရပ်” စတဲ့ ကြွေးကြော်သံတွေ နဲ့ ဆန္ဒပြနေတာဖြစ်တယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
ဆန်ဖရန် ဆစ္စကိုကမ်းခြေက ဆန္ဒပြပွဲမှာတော့ ထရမ့်အုပ်ချုပ်ရေးအလိုမရှိကြောင်း နဲ့ အယုံအကြည်မရှိအဆို ချက်ချင်းတင်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။
တချို့ ပြည်နယ်တွေမှာတော့ ထရမ့် က ရွေ့ပြောင်းအခြေချသူတွေကို နှင်လွှတ်နေတာချက်ချင်းရပ်တန့် ဖို့ တက္ကသိုလ်တွေကို ရန်ပုံငွေ ချက်ချင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတချို့ကတော့ အစ္စရေး - ပါလက်စတိုင်းစစ်ပွဲမှာ သတ်ဖြတ်ခံနေရတဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ကြွေးကြော်ခဲ့ကြတယ်လို့ဆိုပါတယ်။
ထရမ့် အလိုမရှိကြောင်း ဆန္ဒပြသူတွေဟာ ယူကရိန်း ထောက်ခံကြောင်း ပြသခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် စတင်ခဲ့တဲ့ စစ်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ဝါရှင်တန် အနေနဲ့ ပြတ်ပြတ်သားသားရပ်တည်ဖို့ သတိပေးတဲ့ ကြွေးကြော်သံတွေ နဲ့ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား - ရိုက်တာ

(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
