အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အရေးယူဒါဏ်ခတ်မှုတွေ ပြုလုပ်နိုင်ဖို့ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နဲ့ နီးနီးကပ်ကပ်ဆောင်ရွက်နေတယ်လို့ ယူကေအစိုးရပြော

အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အရေးယူဒါဏ်ခတ်မှုတွေ ပြုလုပ်နိုင်ဖို့ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နဲ့ နီးနီးကပ်ကပ်ဆောင်ရွက်နေတယ်လို့ ယူကေအစိုးရပြော

ဓါတ်ပုံ -၁၄၆ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံမှာ မြန်မာနဲ့ ယူကေလွှတ်တော်ကိုယ်စာလှယ် အဖွဲ့တို့ တွေ့ဆုံစဉ် / Via CRPH

မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အရေးယူဒါဏ်ခတ်မှုတွေ ပြုလုပ်နိုင်ဖို့ အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့နဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေတယ်လို့ ယူကေအစိုးရက ပြောပါတယ်။

ယူကေအစိုးရအနေနဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ ဝင်ငွေရလုပ်ငန်းတွေ၊ လက်နက်နဲ့ စစ်ပစ္စည်းတွေအပေါ် အရေးယူမှုတွေချမှတ်နိုင်ဖို့ လက်တွဲလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ပိုမို များပြားလာတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုးမြင့်လာတာနဲ့အတူ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှု ကြီးမားလာနေတာတွေအပေါ် ယူကေအစိုးရက စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

အခုလို ဆိုးရွားလာတဲ့အခြေအနေတွေအပေါ်တုန့်ပြန်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဒါဏ်ခတ်မှုတွေချမှတ်နိုင်ရေး အမေရိကန်၊ ကနေဒါ၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ယူကေအစိုးရက မြန်မာ့အရေးနဲ့ပက်သက်လို့ သူတို့ရဲ့ သဘောထားလုပ်ဆောင်ချက်တွေကို အထက်လွှတ်တော်အမတ် Hon. Mr. Marquess ရဲ့ စာနဲ့ ရေးသားမေးမြန်းချက်အပေါ် ပြန်လည်တုန့်ပြန် ဖြေကြားရာမှာဖော်ပြထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနဲ့ ဇွန်လတွေမှာ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Tariq Mahmood Ahmad က မြန်မာ့အရေးနဲ့စပ်လျဉ်းပြီး ယူကေအစိုးရရဲ့ ဆောင်ရွက်နေမှုတွေကို မေးမြန်ရာမှာလည်း အလားတူတုန့်ပြန်ဖြေကြားထားပါတယ်။

Connect Burma

The Tanintharyi Times