ငလျင်အပြီး မိဘများအတွက် လမ်းညွှန်
ငလျင်အပြီး မိဘများအတွက် လမ်းညွှန်
လတ်တလော ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ဘယ်လိုကူညီရမလဲဆိုတာ သိချင်ကြမှာပါ။ ယူနီဆက်ရဲ့ လမ်းညွှန်စာအုပ်မှာ သင့်ကလေးငယ်တွေ စိတ်ချလုံခြုံမှုရှိစေဖို့ အကူအညီဖြစ်စေမယ့် အရေးကြီးတဲ့ အကြံပြုချက်တွေ ပါဝင်ပါတယ်။
.
ကလေးတွေဟာ စိတ်ဒဏ်ရာရစေတဲ့ အဖြစ်အပျက်တွေနောက်မှာ မိဘတွေဆီက နှစ်သိမ့်မှုကို ရှာကြပါတယ်။ ရှုပ်ထွေးခက်ခဲတဲ့အချိန်မှာ မိဘတွေရဲ့ တည်ငြိမ်စွာ တုန့်ပြန်မှုက သူတို့လေးတွေအတွက် အကောင်းဆုံး အားကိုးရာပါ။ ပွင့်ပွင့်လင်းလင်း စကားပြောဆိုခြင်း၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ခြင်းနဲ့ ကလေးတွေကို ပိုမိုဂရုစိုက်ပေးခြင်းတွေက သင့်ကလေးကို ပိုပြီးတော့ ခံနိုင်ရည်ရှိစေပါတယ်။
.
အားမငယ်ပါနဲ့၊ အတူတူ ရင်ဆိုင်ကြမယ်နော်
.


(UNICEF Myanmar Facebook Page ကနေ ကူးယူဖော်ပြထားပါတယ်)
The Tanintharyi Times
