သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခုလ ၃၀ ရက်နေ့နောက်ဆုံးထား စာရင်းတင်ဖို့ မြန်မာသံရုံးသတိပေး

သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခုလ ၃၀ ရက်နေ့နောက်ဆုံးထား စာရင်းတင်ဖို့ မြန်မာသံရုံးသတိပေး

Photo - ဘန်ကောက်ရှိ မြန်မာသံရုံး

၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ယခုလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး သတ်မှတ်ပုံစံအတိုင်း စာရင်းလာတင်ပေးဖို့ ဘန်ကောက်ရှိ မြန်မာသံရုံးက သတိပေးစာထုတ်ပြန်ထားပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေနဲ့ ပြင်ပလုပ်ငန်းခွင်တွေမှာ သက်တမ်းကုန် PJ စာအုပ်ကိုင်ဆောင်သူ ၂၂၀၀၀ ခန့်အထိ ရှိနေတဲ့အတွက် စက်ရုံ၊ အလုပ်ရုံ၊ MOU ကိုယ်စားလှယ်တွေအနေနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပြီး မြန်မာသံရုံးရဲ့ကောင်စစ်ဌာနမှာ သတ်မှတ်ပုံစံ လူစာရင်းနဲ့ အတူ လာရောက်တင်ပြရမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှုမပေးခင်ကာလတွေကတည်းက ရက်ချိန်းယူထားသူတွေ၊ ဖုန်း(call center) ကတစ်ဆင့် ရက်ချိန်းယူထားသူတွေ၊ သံဃာတော်တွေ၊ အရေးပေါ်ဆေးရုံတက်လူနာတွေ၊ ကျောင်းသားတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို လည်း ပုံမှန်အတိုင်း ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်သက်တမ်းကုန် နိုင်ငံကူးလက်မှတ် စာအုပ်ကိုင်ဆောင်သူတွေကိုတော့ လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ပုံမှန်ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ရေးသားထားပါတယ်။

The Tanintharyi Times