ထိုင်းစက်ရုံ၊ အလုပ်ရုံက မြန်မာတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုလျှင် တိုကင်ရက်ချိန်း ယူထားပြီးသူတွေ ပြီးမှသာ ဆောင်ရွက်နိုင်မယ်
ထိုင်းစက်ရုံ၊ အလုပ်ရုံက မြန်မာတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုလျှင် တိုကင်ရက်ချိန်း ယူထားပြီးသူတွေ ပြီးမှသာ ဆောင်ရွက်နိုင်မယ်

ထိုင်းရှိ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ကောင်စစ်လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားစဉ်က တိုကင်ရက်ချိန်းရယူထားပြီးသူများကိုသာ ဦးစားပေးဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လာပါတယ်။
တစ်လလောက် ရပ်နားထားတဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မနက်ဖြန် စက်တင်ဘာ ၈ ရက်ကနေ စတင်ပြီး သံရုံးက ပြန်လည် ဆောက်ရွက်ပေးမှာ ဖြစ်ပါတယ်။
တိုကင်ရက်ချိန်း ယူထားပြီးသူတွေကိုဆောင်ရွက်ပေးပြီးမှသာ ထိုင်းရှိ စက်ရုံ၊ အလုပ်ရုံက မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာကို ပြန်လည်ဆောင်ရွက်ပေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘန်ကောက်က မြန်မာသံရုံးမှာ လူကိုယ်တိုင်လာရောက်ပြီး ရက်ချိန်းတိုကင်ရယူထားသူတွေ၊ Call Center မှ ရက်ချိန်းရယူထားသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့်နေ့ကို သံရုံးက ပထမတကြိမ်ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့မှာတော့ ထုတ်ပြန်ထားတဲ့ အရင်ရက်တွေကို အစားထိုး ပြောင်းလဲပြီး နေ့ရက်အသစ်တွေထပ်မံ ထုတ်ပြန်ထားတယ်လို့ သံရုံးက ပြောထားပါတယ်။
အဆိုပါ အစားထိုးနေ့ရက် ဇယားကို သတင်းနဲ့အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ်။
The Tanintharyi Times