မြန်မာ က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မှာ ကိုရီးယားနိုင်ငံသားတွေ လူကုန်ကူးခံရမှုများလာကြောင်း ကိုရီးယားအစိုးရ သတိပေး
မြန်မာ က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ မှာ ကိုရီးယားနိုင်ငံသားတွေ လူကုန်ကူးခံရမှုများလာကြောင်း ကိုရီးယားအစိုးရ သတိပေး
မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) တွေ မှာ ကိုရီးယားလူမျိုးတွေလူးကုန်ကူးခံရမှု ပိုများလာကြောင်း တောင်ကိုရီးယားအစိုးရက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သတိပေးစာတစ်စောင် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ လုပ်ခလစာ အများအပြားရမယ်လို့ ဆွဲဆောင်ပြီး ကိုရီးယား လူမျိုးတွေကို ပြန်ပေးဆွဲ ကာ အဓမ္မခိုင်းစေနေတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ ၊ လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံ တို့ သုံးနိုင်ငံကြားနယ်နိမိတ်ထိစပ်နေတဲ့ ရွှေတြိဂံ ဒေသကို ကိုရီးယားနိုင်ငံသားတွေ အနေနဲ့ ခရီးသွားလာတာမလုပ်ကြဖို့ ၊ အလုပ်အကိုင်ရှာဖွေရာမှာ သတိပြုကြဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
ရွှေတြိဂံ ဒေသမှာရှိတဲ့ အွန်လိုင်းငွေကြေး လိမ်လည်ရေးလုပ်ငန်းတွေ မှာ ကိုရီးယားလူမျိုးတွေ အဓမ္မ အလုပ်ခိုင်းစေခံနေရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ စုံစမ်းသိရရှိကြောင်း ပြောဆိုထားပါတယ်။
၂၀၂၁ ခုနှစ်ကတည်း ကနေ လက်ရှိအချိန်ထိ ကိုရီးယားလူမျိုး ၁၄၄ ဦး ဟာ မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်ရေး ကျားဖြန့် လုပ်ငန်းတွေ မှာ လူကုန်ခံထားရတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန က ဆိုပါတယ်။
၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်တို့မှာ ကိုရီးယားနိုင်ငံသား ၉၄ ဦးအထိ မြန်မာနိုင်ငံနယ်စပ်ဒေသတွေ မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေမှာ လူကုန်ကူးခံထားရတယ်လို့ ဆိုပါတယ်။
ကိုးရီးယားအစိုးရ စုံစမ်းသိရှိတဲ့ထားတဲ့ သတင်းတွေ အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ တစ်လတည်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက မတရား ပြန်ပေးဆွဲ ခိုင်းစေခံရတဲ့ ကိုရီယားလူမျိုး ၃၈ ဦးရှိနေတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်ခုက အွန်လိုင်းငွေလိမ်ဂိုဏ်း မှာ လူကုန်ကူးခံရတဲ့ ကိုရီးယား လူမျိုး ၁၉ ဦးကို မြန်မာဘက်က ပြန်လည်လွဲပြောင်းခဲ့တယ်လို့ တောင်ကိုရီီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကိုရီးယား နိုင်ငံသားတွေ အနေနဲ့ ရွှေတြိဂံ ဒေသနဲ့ ထိုင်း – မြန်မာနယ်စပ်ဒေသတွေကို ခရီးမသွားကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။
ကိုးကား – Korea Joon Gang Daily, Yonhap
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
