“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ - The Kokang

နိုဝင်ဘာ ၁၂ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ရှမ်းမြောက်က မြို့ ၈မြို့ကို စစ်အုပ်ချူပ်ရေးအမိန့်ထုတ်”

“၁၀၂၇ စစ်ဆင်ရေး”ဆင်နွဲနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၈မြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး(မာရှယ်လော) အမိန့်ကို ဒီကနေ့ညမှာ ကြေညာလိုက်ပါတယ်။

ယင်းမြို့တွေက ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊လောက်ကိုင်နဲ့ ကုန်းကြမ်းတို့ ဖြစ်ပါတယ်။ ယင်းမြို့တွေအနက် ကွမ်းလုံ၊ သိန္နီနဲ့ နမ့်ခမ်းတို့က မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့တွေ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ဒေသတွေဟာ စစ်ကောင်စီက အုပ်ချုပ်ရေး၊တရားစီရင်ရေးအခွင့်အာဏာကို အပြည့်အဝ ချုပ်ကိုင်နိုင်ပြီး စစ်ခုံရုံးတွေဖွဲ့ကာ သေဒဏ်အထိ စီရင်နိုင်တဲ့ အခွင့်အရေးပေးထားပါတယ်။

“ ကွမ်းလုံမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြန်လည်သိမ်းပိုက်”

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးတွဲကာ ချင်းရွှေဟော် ၊ မုံးကိုး နဲ့ ကွမ်းလုံစတဲ့မြို့နယ်တွေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။အခုလ ၁ရက်နေ့ကနေစပြီး ကိုးကန့်ဒေသ တောင်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့တာလို့ဆိုပါတယ်။ ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ ရန်သူတွေကို လျင်မြန်စွာသုတ်သင်ရှင်းလင်းကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲတွေနဲ့ မြို့နယ်အုပ်ချုပ်‌ရေးရုံးတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ (၆)ရက်ကြာ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒဒီကနေ့ မနက်မှာ အပြီးအပိုင်သိမ်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

“လောက်ကိုင်မြို့က USDP လွှတ်တော်အမတ်ဟောင်းအပါအဝင် မိသားစုဝင် ၄ ဦးကို တရုတ်က ဖမ်းဝရမ်း ထုတ်”

ကိုးကန့်ဒေသရဲ့ ထိပ်ထန်းစီးပွားရေး လုပ်ငန်းရှင်လည်းဖြစ် လောက်ကိုင်မြို့က ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ လွှတ်တော်အမတ်ဟောင်း ဦးမြီရှောင်ချန်အပါအဝင် မိသားစုဝင် ၄ ဦးကို အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး တရုတ်နိုင်ရဲ့ ပြည်သူ့လုံခြုံရေးဌာက ဒီနေ့မှာ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံရတဲ့သူတွေဟာ “မြီ” မိသားစုဝင်တွေဖြစ်ပါတယ်။၅၅ ဦးမြီရှောင်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်၊ သမီးဖြစ်သူ မြီကျူးလန့်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းဆိုသူတို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမြီရှောင်ချန်ဟာ USDP ရဲ့ အမတ်ဟောင်းလည်းဖြစ်သလို ကိုးကန့်ဒေသရဲ့ ဦးဆောင်ကော်မတီ အဖွဲ့ဝင်ဟောင်းလည်း ဖြစ်ပါတယ်။ သတင်းပေးတဲ့သူတွေအနေနဲ့ တရုတ်ငွေ ယွမ် ၁ သိန်းကနေ ၅ သိန်း (ကျပ်သိန်း ၂ ထောင်ကျော်)အထိ ဆုငွေ ချီးမြှင့်သွားမယ်လို့ခည်း တရုတ်နိုင်င်ငံရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“လောက်ကိုင်မှာ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ဂိတ် အနီးမှာ အခုလ ၁၁ ရက်မနေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လောက်ကိုင်မြို့ခံတွေက ပြောပါတယ်။

ပါစင်ကျော်ဂိတ်ဟာ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးပေါ်မှာရှိပြီး လက်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားတာလို့ ဒေသခံတွေက ဆိုပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ RFA ကို ပြောထားသပါတယ်။ သေဆုံးသူတွေဟာ လောက်ကိုင်မြို့ခံတွေမဟုတ်ဘဲ တခြားဒေသက အလုပ်လာလုပ်တဲ့သူတွေ ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ အသေးစိတ် မသိရဘူးလို့ ဆိုပါတယ်။

“သီပေါမြို့နားက ကျင်သီတံတား မိုင်းခွဲ ခံရ”

ကျောက်မဲနဲ့ သီပေါဆက်သွယ်ထားတဲ့ ကျင်သီတံတားကို ဒီကနေ့ မနက် ၅ နာရီခွဲခန့်က မိုင်းခွဲခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ဘော်ကြိုအနီးက ကျင်သီတံတား တပ်စခန်းကိုလည်း ဒီနေ့ မနက်မှာပဲ တအာင်းတပ်မတော်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ရှမ်းပြည်နယ် မြောက်ပိုင်းကနေ နေရပ်ပြန် ပြည်သူ‌တွေ အသုံးပြုနေတဲ့ ခရီးသွား လမ်းကြောင်းကတော့ လောက်ကိုင် – ချင်းရွှေဟော် – ပန်ဆန်း – တန့်ယန်း – လားရှိုး ကို အသုံးပြုနေကြပြီး လမ်းမှာ ညအိပ်ရကြောင်း လောက်ကိုင်ကနေ နေရပ်ပြန်ကြသူတွေဆီက သိရပါတယ်။

The Tanintharyi Times