လေးကောင်ဂျင်ကစားနေတဲ့ တရုတ်အစိုးရ

လေးကောင်ဂျင်ကစားနေတဲ့ တရုတ်အစိုးရ

အရှေ့တောင်အာရှမှာရှိတဲ့ လက်နက်ကိုင်သူပုန်တွေထဲမှာ တရုတ်အနေနဲ့ သတိအထားရဆုံးသူတွေဟာ မြန်မာနိုင်ငံက လက်နက်ကိုင်တော်လှန်ရေးသမားတွေပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုပေးမယ့် CMEC ကို သူတို့က ကိုင်လှုပ်နိုင်လို့ပါပဲ။

တကယ်တော့ မြန်မာ့အရေးမှာ တရုတ်ကဒီလောက်အထိထဲထဲဝင်ဝင်ခြယ်လှယ်နေတာဟာ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့အရေးယူဆောင်ရွက်မှု ပျက်ကွက်ခဲ့တာကြောင့်လည်း ပါပါတယ်။ အထူးသဖြင့်သမ္မတဘိုင်ဒင်လက်ထက်မှာ အိုဘားမားတုန်းက အာရှ-ပစိဖိတ်ကို အလေးပေးတဲ့မူဝါဒဟာ လျော့ကျလာခဲ့ပါတယ်။သူတို့ရဲ့ အားနည်းမှုကြောင့်ဖြစ်လာတဲ့ လေဟာနယ်ထဲကိုတရုတ်ကအရံသင့် ဝင်လာတာပါပဲ။

The Tanintharyi Times