တော်လှန်ရေး လောကဓံ

တော်လှန်ရေး လောကဓံ

“ဇော်မဲလုံးတို့ မင်းအောင်လှိုင်တို့ရေ ကျမတို့ရဲ့ အိမ်တွေ ရွာတွေ ပြောင်တလင်းခါလို့ ဘောလုံးကွင်းတောင် လုပ်လို့ရပါပြီ။ ကျေနပ်ပြီလားလို့ မေးလိုက်ချင်ပါတယ်” ဆိုတဲ့ ကြေကွဲခြင်းကြီးစွာနဲ့ ဝမ်းနည်းပက်လက် ဖြစ်ကြရတဲ့ အညာသူမကြီးရဲ့ အသံ၊

“ဒီအိမ်တစ်လုံးဖြစ်ဖို့ဆိုတာ ဘယ်လောက် စုဆောင်းထားရလဲဆိုတာ အဲဒါသာ ကြည့်တော့။ ဈေးရောင်းလာတာ ဒီဆန်ကောကို မချရဘူး။ ဒီမသာကြီး မသေသရွေ့ကတော့ ဘယ်တော့မှ တို့ဘဝတွေ ကောင်းစားမှာမဟုတ်ဘူး၊ ကောင်းစားမှာ မဟုတ်ဘူး ဒီဘဝကြီးကတော့။ မျက်နှာတင်းထားတာ မျက်ရည်တစ်စက်မှမကျဘူး။ သေပါလေ့စေ သေပါလေ့စေ။ ငါ့ဘဝ ဒီလိုရောင်းချပြီးတော့၊ စားပြီးတော့ ငါရပ်တည်လာတာ။ ငါအသက် ၃၀ ကတည်းက မုဆိုးမဖြစ်လာတာ။ ဒီလို အိမ်မျိုး ဖြစ်လာအောင်ကို မနည်းကြိုးစားလာရတာ။

The Tanintharyi Times