ရထားကြီးက ခေတ်နောက်ပြန်

ရထားကြီးက ခေတ်နောက်ပြန်

နေရာတချို့၌ ထမင်းကို ဆန်ကွဲဖြင့် ရောနှောစားနေကြရသည်ကို ကြားသိလာရချိန်တွင် ကျနော့်စိတ်တို့သည် ပြိုဆင်း၍ သွားကြပါသည်။

ဆန်ဝယ်ရန်ပင် ပိုက်ဆံမရှိ၊ အသားဟင်းနှင့် မြိုးမြိုးမြက်မြက် စားဖို့ဆိုသည်က သူတို့ဘဝ၏ နောက်ဆုံးအိပ်မက်တစ်ခုနှယ် ဖြစ်ကြရတော့မည်လား။

စီမံခန့်ခွဲမှုအလွဲ၊ စိတ်ကူးယဉ်မှုအလွဲများက နိုင်ငံတစ်ခုလုံးအပေါ်တွင် သက်ရောက်မှုမည်မျှ ကြီးမားဆိုးရွားစေသည်ကို သမိုင်းရာဇဝင်တို့၏ သင်ခန်းစာများတွင်လည်း တွေ့မြင်နိုင်ပါသည်။ အရင်းစစ်လိုက်လျှင် ထိုအရာတို့သည် အာဏာကို ခုံမင်ယစ်မူးခြင်းတို့၏ ဝိပါကအကျိုးဆက်များသာ။