ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာ၂၃ ဦးအဖမ်းခံရ
ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာ၂၃ ဦးအဖမ်းခံရ
ထိုင်းနိုင်ငံက လုပ်ငန်းခွင်မှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးအဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့လို့ မြန်မာရွေ့ပြောင်းလုပ်သား၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဧပြီလ ၂၇ရက်နေ့က ထိုင်းနိုင်ငံဘန်ဖလီမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာတရားမဝင်မြန်မာလုပ်သားတွေလုပ်ကိုင်နေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့်ထိုင်းရဲတွေကဝင်ရောက်စစ်ဆေးတဲ့အချိန်မှာမြန်မာနိုင်ငံသားတွေထွက်ပြေးဖို့ကြိုးစားပေမဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား၁၉ဦးနဲ့အမျိုးသမီး၄ဦးတို့ပါဝင်ပြီးအလည်ပတ်ဗီဇာနဲ့နေထိုင်နေတဲ့ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦးကိုပါဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်၊၊
အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်နေတဲ့အတွက်အခုလိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုဖမ်းဆီးခံရတာဟာယခုလအတွင်းထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေ ၁၁ကြိမ်မြောက်အဖမ်းခံရတာဖြစ်ပြီးဖမ်းဆီးခံရသူဦးရေဟာလည်း ၁၀၀ ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်၊၊
ယခုနှစ်ပထမလေးလအတွင်းထိုင်းနိုင်ငံထဲမှာမြန်မာရွေ့ပြောင်းလုပ်သား၁၀၀၀ကျော်အထိအဖမ်းခံခဲ့ရပြီး ၆၀၀ ကျော်ဟာတော့ပြစ်ဒဏ်ကျခံရပြီးနောက်ကော့သောင်းကနေတစ်ဆင့်နေရပ်ပြန်ပို့ခံခဲ့ရပါတယ်၊၊
The Tanintharyi Times
