မလေးရှားသွားမယ့် မြန်မာ ၂၁ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

မလေးရှားသွားမယ့် မြန်မာ ၂၁ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

မလေးရှားကိုသွားမယ့် မြန်မာ ၂၁ ဦးကို မူးယစ်ဆေးတွေနဲ့အတူ ထိုင်းနိုင်ငံ၊ ပါကျွတ်ခိရိယမ်ခရိုင်မှာ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

၎င်းတို့ကို အခုလ ၁၀ ရက်​နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲမှာ အမျိုးသား ၁၄ ဦးနဲ့အမျိုးသမီး ၇ ဦး ပါဝင်ပါတယ်။ သူတို့နဲ့အတူ ခေါ်လာတဲ့ အလုပ်သမားပွဲစား ၃ ဦးတို့ကို ပါကျွတ်ခီရိယမ် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် ပွဲစားတွေကို ပို့ဆောင်ခအဖြစ် တစ်ဦးကို ဘတ်လေးသောင်းပေးရတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက တစ်ဦးရဲ့အဝတ်အစားထည့်ကျောပိုးအိတ်ထဲမှာ ယာဘစိတ်ကြွဆေးနဲ့ အိုက်စ်လို့အမည်ရှိတဲ့ မူးယစ်ဆေးဝါးကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မွန်ပြည်နယ်၊ မုဒုံမြို့ကနေလာကြတာဖြစ်ပြီး ထိုင်းနိုင်ငံက​တစ်ဆင့် မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ကြမှာပါ။

ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း ထိုင်းကနေ မလေးကို တရားမဝင်ရွှေ့​ပြောင်းလုပ်သားတွေပို့ဆောင်နေတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းဘက်က ဖမ်းဆီးခဲ့ပါတယ်။

The Tanintharyi Times