‎‎ကြယ်တွေဝေနေတဲ့ မြို့ကလေး

‎‎ကြယ်တွေဝေနေတဲ့ မြို့ကလေး

‎‎ဒီကြယ်တွေထဲမှာလေ

ကျွန်တော်တို့လမ်းထိပ်ခေါက်ဆွဲဆိုင်က

‎အန်တီကြီးရဲ့သားလည်းပါတယ်

‎မေမေပြောပြောနေတဲ့အရမ်းချမ်းသာတယ်ဆိုတဲ့ မေမေ့ဇာတိက

‎မေမေ့သူငယ်ချင်းရဲ့သားလည်းပါတယ်

‎သူငယ်ချင်းတွေနဲ့အတူအတန်းလစ်ပြီး

‎ဂိမ်းဆိုင်ခိုးသွားလို့

‎သူ့အမေတံမြက်စည်းကျိုးအောင်ရိုက်ခဲ့တဲ့

‎ကောင်လည်းပါတယ်

‎ကျွန်တော်ဒီမြို့ကိုစရောက်တုန်းက

‎ကိုကိုမုန့်စားလို့ လာလာပေးတတ်တဲ့

‎မျက်ဝန်းပြာပြာနဲ့ကောင်မလေးလည်းပါတယ်

The Tanintharyi Times