မျှဝေကူညီ စစ်ရှောင်သွေးချင်းတို့ဆီ
မျှဝေကူညီ စစ်ရှောင်သွေးချင်းတို့ဆီ
အိမ်ခေါင်မိုးထက်က တဝေါဝေါရွာကျနေတဲ့ မိုးသံကို အထိတ်တလန့် နားထောင်ရင်း ဒီအချိန်မှာ တာလပတ်အမိုးနဲ့ တောတောင်ထဲ ရှောင်ပုန်းနေရတဲ့ ပြည်သူတွေခမျာ ဘယ်လိုပုံစံမျိုးနဲ့ နေ့ညအချိန်အခါကို ဖြတ်သန်းနေကြရသလဲ။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာ မျှတလုံလောက်ပါရဲ့လား။ ဖျားနာနေမကောင်းတဲ့အခါ လုံလောက်တဲ့ ဆေးဝါး ကုသမှုမှ ရကြပါရဲ့လား။ ချို့တဲ့မှုအဖုံဖုံကြောင့် အသက်စွန့်လိုက်ရတဲ့ ပြည်သူဘယ်နှစ်ယောက်များ ရှိသွားပါပြီလဲ။
The Tanintharyi Times
