လည်ပြန်
လည်ပြန်
သူတို့တတွေရဲ့ လူငယ်ဘဝဆိုတာ နိတ္ထိတန်ခဲ့ပြီ။ မိတ်ကပ်လေးလိမ်း၊ နှုတ်ခမ်းနီရဲရဲနဲ့ ကျောင်းတက်ရမယ့် အချိန်တခု ဆုံးရှုံးသွားပြီ။ အဲဒီအစား သနပ်ခါး ပါးကွက်ကြားတောင် မလိမ်းနိုင်ဘဲ မိုးထဲ၊ လေထဲ၊ ကျည်ဆံတွေကြား ဖြတ်ကျော် ရှင်သန်နေကြရတယ်။
သစ်ပင်အောက်မှာ အချဉ်ပေါင်းစားမယ့်အစား မိုးရေ တရွှဲရွှဲနဲ့ ကင်းပုန်းဝပ်နေကြရတယ်။ သူတို့အစား စိတ်မကောင်းဖြစ်ရတယ်။ ဒါဟာ ရွေးချယ်မှုတခုဆိုပေမယ့် လူအန္တတွေကြား သူတို့ရဲ့ စွန့်လွှတ်မှုဟာ တန်ရော တန်ရဲ့လား တွေးနေမိတယ်။
The Tanintharyi Times
