မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို တရားဥပဒေအရ အပြစ်ပေးနိုင်ရေး နည်းလုံးစုံသုံးပြီး လုပ်ကိုင်ကြဖို့ ဆွေးနွေး
မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို တရားဥပဒေအရ အပြစ်ပေးနိုင်ရေး နည်းလုံးစုံသုံးပြီး လုပ်ကိုင်ကြဖို့ ဆွေးနွေး
မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို တရားဥပဒေအရ ထိုက်တန်တဲ့အပြစ်ပေး အရေးယူနိုင်ဖို့ နည်းလမ်းစုံသုံးပြီး လုပ်ကိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ အရေးပေါ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မိတ်ဖက်မဟာမိတ်အင်အားစုများအားလုံး ပူးပေါင်းပြီး နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်း၊ စစ်ရေးနည်းလမ်း စတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်သွားနိုင်ဖို့ အလေးပေးဆွေးနွေးခဲ့ကြတာပါ။
ဒါ့ပြင် ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄) ဦးကို အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင် အတည်ပြုချက်ပေးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအားလုံးရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေတဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး စုစည်းညီညွတ်စွာနဲ့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားဖို့လည်း တိုင်ပင်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကြေညာချက်တွေ၊ အစည်းအဝေးတွေရဲ့ နောက်မှာ တိကျခိုင်မာတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ အသေအချာကို တွဲပါလာမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။
အမှန်တော့ ဒီနေ့ မနက် ၁၀ နာရီမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်ကျင်းပနေကျ Cabinet အစည်းအဝေးကို ရပ်နားပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ အတွင်းဝန်တွေတက်ရောက်တဲ့အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တာလို့ဖော်ပြပါတယ်။
Ref; RiSE News
The Tanintharyi Times
