ငါနေထိုင်ရာအရပ်ဒေသက ဓမ္မ
ငါနေထိုင်ရာအရပ်ဒေသက ဓမ္မ
ဓမ္မအကြောင်းနဲ့ ပတ်သက်ပြီး လက်ယက်ကုန်း စာသင်ကျောင်းကလေးဆီ ငါရောက်ဖြစ်တယ်။ အနန့်ပါ ရွာက လေးဆီလည်း ရောက်ဖြစ်တယ်။ ဟိုးခပ်ဝေးဝေး ဝင်းမော်ဦးဆီလည်း ရောက်ဖြစ်တယ်။ ငွေကြာရံကျောင်းတိုက် ဆီ လည်းရောက်ရဲ့။ ကြယ်စင်ဆိုတဲ့ ညီမလေးဆီလည်း ရောက်ရဲ့။ ဘုတလင် စီပါရွာကလေးဆီလည်း ရောက်ဖြစ်ရဲ့ ။ ဟောဒီ မုန်တိုင်ပင်ရွာ၊ ဟောဒီ ဒီပဲယင်း အစုံပါပဲ ။ ငါ့မှာ ဓမ္မကို ရှာဖွေကြည့်နေခဲ့မိတာ။
ငါ့မှာ ငါရှာကြည့်နေမိသလောက် ဓမ္မဟာ အခုဆောင်းတွင်းထဲ ငါမျှော်လင့်တဲ့ နှင်းပွင့်တွေ ရောက်မလာသလို ဓမ္မက လည်း ငါနေတဲ့ အရပ်ဆီ ကျရောက်မလာခဲ့ဘဲ ဆောင်းတွင်းထဲ ငါတို့မတူအောင် ပူလောင်နေရတဲ့ နေပူဒဏ်လို ဓမ္မကို တွေ့ လိုစိတ်သာ ငါ့ဆီ ပူလောင်နေခဲ့တယ်။
ဓမ္မဟာ ဘယ်မှာလဲ။
The Tanintharyi Times
