ကလုံးထာရွာမှာ နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားနဲ့ထိုးသတ်ပြီး အလောင်းကို ရာဘာခြံထဲစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေပြော
ကလုံးထာရွာမှာ နေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားနဲ့ထိုးသတ်ပြီး အလောင်းကို ရာဘာခြံထဲစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေပြော

ရေဖြူမြို့နယ်၊ ကလုံးထာရွာ မှာနေထိုင်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားနဲ့ထိုးသတ်ပြီး အလောင်းကို ရာဘာခြံထဲစွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးခဲ့သူဟာ ရွာမှာ ခြံအလုပ်သမားအဖြစ်လာရောက်လုပ်ကိုင်နေတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်မောင်(ရွာအခေါ် ရခိုင်မောင်မောင်) ဖြစ်ပြီး မနေ့က ညနေ ၅ နာရီလောက်က ဓားနဲ့ ထိုးခံရလို့သေဆုံးခဲ့တာလို့ သိရပါတယ်။
” ရွာဦးတံတားထိပ်က အိမ်နားမှာ ထိုးသတ်ပြီး အလောင်းကိုရာဘာခြံထဲ သွားပစ်ခဲ့တယ်။ ” လို့ ကလုံးထာဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ဦးမောင်မောင်ဟာ ကလုံးထာရွာကို လာရောက်ရွှေ့ပြောင်းနေထိုင် တာ တစ်နှစ်လောက်ရှိပြီ ဖြစ်ပြီး ကလုံးထာရွာသားတစ်ဦးဆီမှာ ခြံစောင့်လုပ်နေတဲ့သူဖြစ်တယ်လို့သိရပါတယ်။
ဦးမောင်မောင်ကို စစ်ကောင်စီတပ်က ဘာကြောင့်သတ်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။
စက်တင်ဘာ ၂၀ ရက်ကတည်းက ကလုံးထာရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘုန်းကြီးကျောင်းထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သြဂုတ်လလယ်လောက်ကလည်း ကလုံးထာရွာထဲကိုဝင်ရောက်ခဲ့ပြီး ရွာသားတစ်ဦးကိုသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။
The Tanintharyi Times