ရန်ကုန်- ထားဝယ် ကားလမ်းမပေါ်ကတံတားပြိုကျ
ရန်ကုန်- ထားဝယ် ကားလမ်းမပေါ်ကတံတားပြိုကျ
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ကလိန်အောင်မြို့နဲ့ မလွှဲတောင်ကြားက ကော့လှိုင်ရွာမှာ တံတားပြိုနေတယ်လို့လမ်းသွားလမ်းလာနဲ့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာ ဝိတ်များတဲ့ကုန်ကားတစ်စီး တံတားကိုဖြတ်သွားချိန် ပြိုကျခဲ့တာဖြစ်ပြီး ကားတွေဖြတ်လို့ မရတော့ဘူးလို့ သိရပါတယ်။
“ကားတချို့တော့ လွတ်လာတယ်။ ပိတ်မိနေကြတာတွေလည်းရှိတယ်။ မနက်ဖြန်တော့ တက်လို့မရလောက်ဘူးပေါ့” လို့ ထားဝယ်အဝေးပြေးယာဥ်မောင်းတစ်ဦးကပြောပါတယ်။
တံတားပြိုကျတာကြောင့် အတက်အဆင်းကားတွေအပြင် လမ်းသွားလမ်းလာယာဥ်တွေအားလုံး ပိတ်မိနေတယ်လို့သိရပါတယ်။
The Tanintharyi Times
