စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့ မွန်တော်လှန်ရေးတပ်တွေ သတိပေး
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမလုပ်ဖို့ မွန်တော်လှန်ရေးတပ်တွေ သတိပေး

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပက်သက်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စစ်ကောင်စီရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၃ခုက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
မွန်ပြည်နယ်အတွင်းက မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)နဲ့ ဒေါနတပ်ရင်း ၂ တို့က အခုလို ထုတ်ပြန်သတိပေးလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့အာဏာဆက်လက်ထိန်းထားနိုင်ဖို့ ရွေးကောက်ပွဲပြင်ဆင်ရာမှာ မွန်ပြည်နယ်အတွင်းလည်း ရွေးကောက်ပွဲလုပ်ဖို့ရှိနေပြီး ဒါကို မဖြစ်အောင် တားဆီးသွားဖို့လည်း ရှိနေတယ်လို့ မွန်တော်လှန်ရေးတပ်တွေက ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းက ရေးခရိုင်ထဲမှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲပေးစက်ကိုင်သင်တန်းပေးဖို့ရှိနေတာကိုလည်း သိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ သွားလာလှုပ်ရှားမှုတွေကို မွန်တော်လှန်ရေးတပ်တွေ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးမှုးတွေ ၊ Non -CDMဝန်ထမ်းတွေ အနေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ အတူတကွ သွားလာတာတွေ၊ သင်တန်းတက်တာတွေ၊ လုပ်ငန်းအကောင်အထည်ဖော်တာတွေ မပြုလုပ်ကြဖို့ သတိပေးလိုက်တယ်လို့ မွန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Connect Burma
The Tanintharyi Times