သက်ဆင် နဲ ဟွန်ဆန် ယနေ့ တွေ့ဆုံ

သက်ဆင် နဲ ဟွန်ဆန် ယနေ့ တွေ့ဆုံ

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဟာ အကျဉ်းကျနေရာက ပြန်လည်လွတ်မြောက် လာတဲ့ ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ကို ဒီကနေ့ မွန်းလွဲ ပိုင်းမှာလာရောက်တွေ့ဆုံခဲ့တယ်လို့သိရှိရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် ဟာ သက်ဆင်ရဲ့ ဘန်ကောက်နေအိမ်မှာ လာရောက်တွေ့ ဆုံခဲ့ပြီး ချစ်ကြည်ရင်းမှုတွေပိုမိုခိုင်မာလာတယ်လို့ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေထုံတန် ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မှာရေးသားထားပါတယ်။

မတ်လ ၁၄ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ဖွေ့ထိုင်းပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပေထုံတန် အား ကမ္ဘောဒီယား ကိုလာရောက်လည်ပတ်ဖို့ဟွန်ဆန်က ဖိတ်ကြားခဲ့တယ်လို့ လည်း ဆိုပါတယ်။

ဟွန်ဆန် ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မှာတော့ ဝန်ကြီးချုပ်ဟောင်း နှစ်ဦးဟာ နိုင်ငံရေးစကား ပြောခဲ့ကြတာ မဟုတ်ဘဲ ၃၂ နှစ်ကြာ ခင်မင်ရင်းနှီးမှု အမှတ်တရတွေ ပြန်ပြောင်းဆွေးနွေး မှုသာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် သက်ဆင်နဲ့ သမီးဖြစ်သူ ပေထုံတန်ကို ရည်ညွန်းပြီး အကို နဲ့ တူမ ကို ကျေးဇူးတင်ပါတယ်လို့ လည်းရေးသားခဲ့ပါတယ်။

သက်ဆင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ နေ့မှာ ဘုရင်လွတ်ငြိမ်းချမ်းသာခွင့် နဲ့ အကျဉ်းကျခံနေရာမှာ ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေ ၁၅ နှစ်ကျော် တိမ်းရှောင်နေပြီး နောက် ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့မှာ ပြန်လည်ရောက်ရှိ လာတဲ့ သက်ဆင်ဟာ ထိုင်းရဲတပ်ဖွဲ့ ဆေးရုံ မှာ ၆ လကြာပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ကိုးကား - Khaosod English

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times