ကဒဲရွာသားတစ်ဦး မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရ
ကဒဲရွာသားတစ်ဦး မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရ
ပုလောမြို့နယ်၊ ကဒဲရွာမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မိုင်းနင်းမိတာဖြစ်ပြီး လက်နဲ့ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကာ အသံကြောင့်နားစည်ကွဲပြီး နားကနေသွေးယိုတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
ရွာသား မိုင်းနင်းမိတဲ့နေရာဟာ မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေဖြစ်တယ်လို့လည်း သိရပါတယ်။
ရွာရဲ့ ဘယ်နေရာမှာ မိုင်းထိတယ်ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
ပြီးခဲ့တဲ့မေလကလည်း ကဒဲရွာမှာ တန်းရှင်းရွာသားနှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
အခုလ ဒုတိယအပတ်ထဲမှာ ပလမြို့ထဲက စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားလေ့ရှိတဲ့နေရာတွေမှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးခဲ့သလို နောက်ထပ်အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ပါတယ်။
The Tanintharyi Times
