အဖြူထည်ပေါ်မှာ အမဲတစ်စက် မစွန်းစေချင်ပါ

အဖြူထည်ပေါ်မှာ အမဲတစ်စက် မစွန်းစေချင်ပါ

အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာဆိုးသွမ်းမှုတွေဟာ ပင်လယ်သမုဒ္ဒရာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လွဲမှားတိမ်းစောင်းတဲ့ လုပ်ရပ်တွေက ရေစက်တစ်စက်စာလောက်ပဲ ရှိပါလိမ့်မယ်။

ဒါပေမယ့် တော်လှန်ရေးသမားတွေဟာ ပြည်သူ့အကျိုးအတွက်ဆိုတဲ့ သန့်စင်မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ တော်လှန်စစ်ကို ဆင်နွှဲနေကြတဲ့ သူတွေပါ။

ပြည်သူ့ဘက်တော်သားတွေအနေနဲ့ အဖြူထည်လုပ်ရပ်ပေါင်း မြောက်များစွာအပေါ်မှာ အမဲစက်တစ်စက် စွန်းထင်းသွားနိုင်မယ့် လုပ်ရပ်မျိုးကို အထူးတလည် ရှောင်ကြဉ်ကြဖို့ အရေးကြီးလှပါတယ်။

The Tanintharyi Times