NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CDM စစ်သား တွေ ပါဝင်တဲ့ PSPT အဖွဲ့တို့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်
NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CDM စစ်သား တွေ ပါဝင်တဲ့ PSPT အဖွဲ့တို့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT) နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။
ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ (PSPT)ဆိုတာ ပြည်သူ့ဘက်ရပ်တည်လာတဲ့ CDM စစ်သားတွေ၊ ရဲသားတွေ ဦးစီးပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
PSPT က စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး အပြင်၊ ပြင်ဆင်ထောက်ပံ့ရေးလုပ်ငန်းတွေကို ပါ ပူးပေါင်းလုပ်ကိုင်နေတာလို့ NUGက ဆိုပါတယ်။
အဆိုပါ အဖွဲ့ဟာ မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDRF ကို RPG -2 တစ်လက် ပြီးခဲ့တဲ့ နိုဝင်ဘာလက ထောက်ပံ့ပေးခဲ့သလို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၉) တပ်ရင်းကိုလည်း 107 MM ကို ပေးခဲ့ပါတယ်။ ဒါကြောင့် တပ်ရင်းကအခုလ ၂ ရက်နေ့မှာ ကျေးဇူးတင်သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့တာ တွေ့ရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ CDM စစ်သားတွေနဲ့ ရဲသားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရေးအပြင် တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေး လုပ်ငန်းတွေကိုပါ ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပြီလို့ ဆိုပါတယ်။
ပြည်သူ့ဘက်ရပ်တည်လာမဲ့သူတွေကို ဆက်လက်ကြိုဆိုနေပြီး ပြည်သူ့ဘက်အမြန်ဆုံးရပ်တည်ဖို့ (သို့) အမာခံသတင်းပေးတွေအဖြစ် ရပ်တည်ဖို့ NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
The Tanintharyi Times
