တိုက်တန်းနစ်သင်္ဘောပျက်ဆီ လေ့လာရေးခရီးထွက်ခဲ့သူ ၅ ဦး သေဆုံးသွားပြီလို့ဆို
တိုက်တန်းနစ်သင်္ဘောပျက်ဆီ လေ့လာရေးခရီးထွက်ခဲ့သူ ၅ ဦး သေဆုံးသွားပြီလို့ဆို
အတ္တလန္တိတ်သမုဒ္ဒရာကြမ်းပြင်က တိုက်တန်းနစ်သင်္ဘောပျက်တည်ရှိရာနေရာကို ရေငုပ်သင်္ဘောယာဉ်ငယ်နဲ့ စူးစမ်းလေ့လာရေးခရီးထွက်လာသူ ၅ ဦးစလုံး သေဆုံးသွားပြီလို့ အမေရိကန် ရေတပ်က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေအတွင်း တွေ့ရှိခဲ့တဲ့ ရေငုပ်ယာဉ်ငယ်ရဲ့ အစိတ်အပိုင်းတွေအရ ယာဉ်ငယ်ဟာ ပေါက်ကွဲပျက်စီးသွားခဲ့တာလို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကန်းရိုးတန်းစောင့်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုင်တန် (Titan) ခရီးသွား ရေငုပ်ယာဉ်ငယ်ဟာ တိုက်တန်းနစ် သင်္ဘောပျက်ရှိရာ နေရာအနီးမှာဘဲ ပေါက်ကွဲပျက်စီးသွားခဲ့တာကြောင့် ယာဉ်ပေါ်ပါလာသူ ၅ဦးလုံး သေဆုံးသွားတာလို့ ဆိုပါတယ်။
တိုက်တန်းနစ်သင်္ဘောပျက် စူးစမ်းလေ့လာရေးခရီးစဉ်အဖြစ် ရေငုပ်ယာဉ်ငယ်နဲ့ ၈ရက်ကြာခရီးစဉ်မှာ တိုင်တန် (Titan) ခရီးသွား ရေငုပ်ယာဉ် ကုမ္ပဏီဖြစ်တဲ့OceanGate ရဲ့ CEOဖြစ်သူ ဗြိတိန် ဘီလီယံနာ သူဌေးအပါအဝင် ၅ဦးလိုက်ပါလာတဲ့ ယာဉ်ငယ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဆက်သွယ်ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားသူတွေဟာ ခရီးစဉ်လိုက်ပါခဲ့ကြတဲ့ ပါကစ္စတန် နိုင်ငံကလူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် သားအဖ ၂ဦးနဲ့ ဗြိတိန်က ဘီလံနာသူဌေးအပါအဝင် ၃ဦးတို့ဖြစ်ကြပါတယ်။
အဆိုပါ လေ့လာစူးစမ်းရေးခရီစဉ်အတွက် ၈ရက်ကြာမြင့်မှာဖြစ်ပြီး လိုက်ပါသူတစ်ဦးအတွက် ကုန်ကျစားရိတ် အမေရိကန်ဒေါ်လာ ၂သိန်ခွဲကုန်ကျတယ်လို့လည်း သိရှိရပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပြီးပြီဖြစ်ပေမယ့် အတ္တလန္တိတ်သမုဒ္ဒရာအောက်က ရေကြောင်းအခြေအနေ ဆိုးရွာပြင်းထန်တာကြောင့် အလောင်းတွေ ပြန်ရဖို့က မသေချာဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
The Tanintharyi Times
