စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော် သေဆုံးသွားပြီလို့ဆို
စစ်တပ်ထောက်ခံသူ လီလီနိုင်ကျော် သေဆုံးသွားပြီလို့ဆို
အာဏာသိမ်းစစ်ကောင်စီတပ်ေထာက်ခံသူ အဆိုတော် လီလီနိုင်ကျော် အမှန်တစ်ကယ် သေဆုံးသွားပြီလို့ စစ်တပ်လော်ဘီ လူမှုကွန်ယက်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။
အဆိုတော် လီလီနိုင်ကျော်ကို စစ်ကောင်စီရဲ့ တပ်မတော်ဆေးရုံမှာ အစွမ်းကုန်ကြိုးစားကုသပေးခဲ့ပေမယ့် ဒီကနေ့ (ဇွန်လ ၆ရက်) မနက် ၅နာရီမှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။
စစ်တပ်ထောက်ခံသူလည်း ဖြစ်ပြီး မဘသလှုပ်ရှားမှု ဦးဆောင်သူတစ်ဦးဖြစ်တဲ့ အဆိုတော် လီလီနိုင်ကျော်ကို ပြီးခဲ့တဲ့ မေလ ၃၀ရက် ညနေပိုင်းက မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပြီး ဖြစ်စဉ် ဖြစ်ကတည်းက သေဆုံးသွားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီထောက်ခံသူ အသိုင်းအဝိုင်းက ဒီကနေ့မနက်မှာ သေဆုံးသွားတာလို့ အတည်ပြုပါတယ်။
လီလီနိုင်ကျော်သေဆုံးသွားပြီ ဆိုတာကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေး ဖော်ပြထားတာတွေ့ရပါတယ်။
The Tanintharyi Times
