မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၆)

မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၆)

သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်

သတင်းစာရှင်းလင်းပွဲ (Press Conferences) တွေနဲ့ အင်တာဗျူးတွေနဲ့ မတူတဲ့အချက်ကတော့ သတင်းစာရှင်းလင်းပွဲတွေက ကိုယ်က ဖိတ်ကြားတာဖြစ်ပြီး အင်တာဗျူးအများစုကတော့ သတင်းသမားတွေက တောင်းဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှုဟာ ပိုကောင်းရပါမယ်။

သတင်းစာရှင်းလင်းပွဲဟာ Team Work ဖြစ်ဖို့ လိုအပ်ပါတယ်။ ဘယ်သူက အဖွင့်စကားပြောမယ်၊ ဘယ်သူက နောက်ခံအချက်အလက်တွေ စုဆောင်းပေးမယ်၊ ဘယ်သူက ဂရပ်ဖ်တွေ ဆွဲပေးထားမယ် စသဖြင့်ကြိုတင် တာဝန်ခွဲဝေထားရပါမယ်။

• ဘာကြောင့် သတင်းစာရှင်းလင်းပွဲလုပ်ရတယ်ဆိုတဲ့ အကြောင်းကို အားလုံးရှင်းရှင်းလင်း သိမြင်ဖို့ လိုအပ်ပါတယ်။

• မေးလာနိုင်တဲ့မေးခွန်းတွေကို ချရေးကြည့်ပါ။ ပြီးရင် ဖြေသင့်တဲ့အဖြေတွေကို ချရေးပါ။ ဘယ်သူက ဖြေသင့်တယ် ဆိုတာကိုလည်း ရွေးချယ်ထားပါ။

• အဲဒီမေးခွန်းတွေအထဲမှာ ကိုယ့်အတွက် ဖြေဖို့အခက်ခဲဆုံးမေးခွန်းတွေကို ချရေးပါ။ မှင်နီတားထားပါ။ ဖြေသင့်တဲ့အဖြေတွေကိုလည်း ချရေးပါ။

• Key Message တွေကို တစ်ဖွဲ့လုံးက သိနေကြပါစေ။

• လိုအပ်ရင် Press Kit တွေ ကြိုတင်ပြင်ဆင်ကြပါ။ Press Kit ဆိုတာက သတင်းစာရှင်းလင်းပွဲ (အင်တာနက်က တဆင့်မှမဟုတ် အပြင်မှာပဲဖြစ်ဖြစ်) သတင်းသမားတွေ ကိုးကားဖို့အတွက် စာရင်းဇယား၊ ဓါတ်ပုံ၊ မြေပုံ၊ ဗွီဒီယိုဖိုင်တွေကို အခမ်းအနားမှာ အရံသင့်ပေးတဲ့ အရာ ဖြစ်ပါတယ်။

• သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုမယ့်သူတွေဟာ ဘယ်အပိုင်းကို ဘယ်သူ ကဖြေဆိုရမယ်ဆိုတာကို ကြိုတင်တာဝန်ခွဲထား ရပါမယ်။

• အရေးအကြီးဆုံး အချက်ကတော့ သတင်းစာရှင်းလင်းပွဲမှာ ‘Off the Record’ (ကျွန်တော်ပြောတာကို ထည့်ရေးခွင့်မရှိပါ) လို့ပြောခွင့်မရှိပါဘူး။ ဘာလို့လဲဆိုတော့ လူအများအကြားမှာ ပြောဆိုတာ ဖြစ်လို့ပါ။

• သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းထောက်တွေနဲ့ သတင်းထုတ်ပြန်သူတွေ စကားများမှုဟာ မမှန်ကန်တဲ့ အမူအကျင့်ပါ။ ကိုယ်ပြောနေတာဟာ ပြည်သူတွေဆိုတဲ့ ခံယူချက်ကိုပဲထားပါ။

ဖော်ပြခဲ့တဲ့ “မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း” ဆောင်းပါးတွေ
~~~~~~~~~~
၂) မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၂)၊ သတင်းဆိုတာ ဘာလဲ >>> https://www.tntynews.com/2023/04/22/15554/
၃) မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၃)၊ ကြိုတင်ပြင်ဆင်ခြင်း >>> https://www.tntynews.com/2023/04/30/16025/
၄)မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၄)
သတင်းထုတ်ပြန်ချက်များကို ရေးသားခြင်း >>> https://www.tntynews.com/2023/05/18/17352/
၅) မီဒီယာများနှင့် ထိတွေ့ဆက်ဆံခြင်း (၅)
သတင်းမီဒီယာများနှင့်အင်တာဗျူးဖြေဆိုခြင်း>>> https://www.tntynews.com/2023/06/01/18294/

The Tanintharyi Times