နွေပူပူမှာ စောင်အထူကြီးခြုံထားမိတဲ့ ကမ္ဘာကြီး
နွေပူပူမှာ စောင်အထူကြီးခြုံထားမိတဲ့ ကမ္ဘာကြီး
ချိုးခြံချွေတာရေးလမ်းစဥ်ကို ပြခဲ့တဲ့ ခေါင်းဆောင်ကြီးဟာ ကျနော်တို့ရဲ့ မလိုအပ်တဲ့ အရင်းအမြစ်သုံးစွဲမှုကြောင့် လူသားတွေ ဘေးဖြစ်လာမယ့် အန္တရာယ်ကို ကြိုမြင်ထားပုံရပါတယ်။ စက်ရုံမှာပစ္စည်းအသစ်တစ်ခု ထုတ်တိုင်း၊ ထုတ်တိုင်းက ကာဗွန်ထုတ်လွှတ်မှုက ရှိနေမှာဖြစ်တဲ့အတွက် ကျနော်တို့မလိုအပ်ဘဲ အရင်းအမြစ်တွေပိုမသုံးမိဖို့၊ သစ်ပင်တွေမခုတ်ဖို့၊ ပိုစိုက်ဖို့လည်း လုပ်ဆောင်လို့ရပါတယ်။
ကိုယ်ပိုင်ကားစီးတာထက် အများသုံးယာဥ်ကို သုံးစွဲတာမျိုး၊ အသုံးအဆောင်ပစ္စည်းတွေကို လိုအပ်တာလောက်ပဲ ၀ယျယူတာမြိုး လုပ်ဖို့လိုပါတယ်။
ဒါဟာ ကျနော်တို့အတွက်ချည်း မဟုတ်ပါဘူး။ ကျနော်တို့ မွေးလာမယ့် သားသမီးတွေနဲ့ မျိုးဆက်တွေ အပူဒဏ်ကို ပိုမခံရဖို့အတွက် ကျနော်တို့လောဘတွေကို လျှော့ချဖို့ လိုတာပဲ ဖြစ်ပါတယ်။
The Tanintharyi Times
