ရဲဘော်တွေနဲ့အတူသစ္စာအဓိဌာန် လိုက်ဆိုတတ်တဲ့ နိုနို
ရဲဘော်တွေနဲ့အတူသစ္စာအဓိဌာန် လိုက်ဆိုတတ်တဲ့ နိုနို
ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ သစ္စာအဓိဌာန်ဆိုချိန်တိုင်း ရောက်ရာအရပ်ကနေ အပြေးလာပြီး လိုက်အော်တတ်တဲ့ နိုနို ဆိုတဲ့ ခွေးကလေး တစ်ကောင်တနင်္သာရီတိုင်းက လွတ်မြောက်နယ်မြေ မှာရှိနေပါတယ်။အမ ဖြစ်တဲ့အတွက် သူ့ကိုမီးနိုလို့လည်း ချစ်စနိုးနဲ့ခေါ်ကြပါတယ်။
နိုနိုဟာ လသားအရွယ် ပဲ ရှိပါသေးတယ်။ ရဲဘော်သစ္စာအဓိဌာန်ဆိုတဲ့အချိန်နဲ့ ထမင်းစားအဓိဌာန်ဆိုတဲ့အချိန်တိုင်း လိုက်အော်တတ်တာပါ။
ပုံမှန်အချိန်ဆို အော်လေ့မရှိပါဘူး။ သူနဲ့ရွယ်တူ တခြား ခွေးလေးတွေလည်း ရှိပေမယ့် နိုနိုလို အတူလိုက်ဆိုတာမျိုး မရှိပါဘူး။
နိုနိုဟာ ရဲဘော်တွေရဲ့ အချစ်တော်လေးပါ။ သူ့ရဲ့ ရုပ်သံဖိုင်တချို့ကို လူမှုကွန်ရက်မှာ ရဲဘော်တစ်ဦး မျှဝေထားတာတွေနဲ့ The Tanintharyi Times ကမေးမြန်းထားတာတွေကို စာဖတ်သူတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
The Tanintharyi Times
