ထားဝယ်မြို့မှာ ဖမ်းဆီးခံရတဲ့ ကိုရာဇာထွန်း မသေဆုံးဘူးလို့ စစ်ကောင်စီဘက် ထုတ်ပြန်

ထားဝယ်မြို့မှာ ဖမ်းဆီးခံရတဲ့ ကိုရာဇာထွန်း မသေဆုံးဘူးလို့ စစ်ကောင်စီဘက် ထုတ်ပြန်

ထားဝယ်မြို့မှာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ သတင်းထွက်ပေါ်ခဲ့တဲ့ ကိုရာဇာထွန်း မသေဆုံးတဲ့အကြောင်း ပြောဆိုရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခုထွက်ပေါ်လာပါတယ်။

သတင်းဌာနတွေမှာ ကိုရာဇာထွန်း သေဆုံးတယ်ဆိုတဲ့သတင်းဟာ ပြည်သူလူထုအနေနဲ့ ရဲနဲ့စစ်တပ်ကို မုန်းတီးအောင် တမင်တကာလုပ်ဆောင်တယ် ဆိုတာကို အသားပေးပြောဆိုထားပါတယ်။

ဒါ့အပြင် ထားဝယ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ၊ လူသတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံပြောဆိုထားပါတယ်။

ဒီလိုမျိုး ကိုရာဇာထွန်းရဲ့ပြောဆိုချက်တွေဟာ ရဲတွေကအတင်းအကြပ်ဖိအားပေးပြောဆိုခိုင်းတာသာဖြစ်တယ် လို့ ထားဝယ်မြို့ခံအချို့က မှတ်ချက်ပေးပါတယ်။

The Tanintharyi Times

(ထွက်ပေါ်လာတဲ့ ကိုရာဇာထွန်းရဲ့ ရုပ်သံဖိုင်ကို မူရင်းအတိုင်းပြန်လည်ဖော်ပြထားပါတယ်)