တပ်မဟာ ၆ နယ်မြေမှာ KNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
တပ်မဟာ ၆ နယ်မြေမှာ KNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး
KNU တပ်မဟာ ၆ နယ်မြေထဲက ခလယ်တံခွန်တိုင်ရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေးမြို့နယ်၊ ခလယ်တံခွန်တိုင်ရဲစခန်းမှာရှိနေတဲ့ ခလရ−၂၈၄ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း ၁၆၊ တပ်ခွဲ ၄ တို့အကြား သြဂုတ်လ ၁၅ ရက်က ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုမှာစစ်ကောင်စီတပ်ဘက်က ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မတော် တပ်ရင်း ၁၆ ပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times

