ပြည်သူတွေမျှော်လင့်နေတဲ နိုင်ငံရေးရည်မှန်းချက်တွေကို မည်သည့်အခါမှ လျစ်လျူရှု့သွားမှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

ပြည်သူတွေမျှော်လင့်နေတဲ နိုင်ငံရေးရည်မှန်းချက်တွေကို မည်သည့်အခါမှ လျစ်လျူရှု့သွားမှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

မြန်မာပြည်သူတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မည်သည့်အခါမှ လျစ်လျူရှု့သွားမှာ မဟုတ်သလို နောက်ပြန်လှည့်သွားမှာလည်းမဟုတ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က မနေ့က (ဒီဇင်ဘာလ ၁၂ရက်)ညပိုင်းက ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AAတို့နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြောလာအပြီးမှာ ညီနောင်မဟာမိတ်အဖွဲ့တွေက အခုလို ထုတ်ပြန်တာပါ။

ညီနောင်မဟာမိတ်၃ဖွဲ့ ရဲ့ ၁၀၂၇စစ်ဆင်ရေးက ရည်မှန်းထားတဲ့အတိုင်း စစ်ကောင်စီတပ်စခန်းတွေ၊ လက်နက်ကြီးစခန်းကုန်းတွေကို တိုက်ထုတ်ရင်း ဆက်လက်ရွှေ့လျားနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်တလော စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပြည်သူလူထုက စိုးရိမ်ပူပန်နေကြပြီး ဒါကို မစိုးရိမ်ကြဖို့နဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနဲ့ လက်တွဲပြီးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်အသိပေးတာဖြစ်ပါတယ်။

၁၀၂၇စစ်ဆင်ရေးမှာ တဖွဲ့ချင်းစီရဲ့ ရည်မှန်းချက်နဲ့ စုပေါင်းရည်မှန်ချက်တွေ အတိုင်းအတာတခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် အလုံးစုံရည်မှန်းချက်ပြည့်ဝဖို့အတွက် ဆက်လက်ကြိုးစား တိုက်ပွဲဝင်ရအုံးမယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နှစ်ဖက်တွေ့ဆုံမှု အခြေအနေတွေပေါ်မူတည်ပြီး ဒီလကုန်ရင် ဆက်လက်ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောဆိုထားပေမယ့် ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က ဒီတွေ့ဆုံဆွေးနွေးမှုကိစ္စတွေနဲ့ပက်သက်လို့ တရားဝင်ထုတ်ပြန်လာတာမရှိပါဘူး။

၁၀၂၇စစ်ဆင်ရေး စစ်မျက်နှာတွေဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ နှစ်ဖက်တိုက်ပွဲတွေကတော့ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

connect burma

The Tanintharyi Times